ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကြည့်မည့်ပရိသတ်များ၏ ခရီးစရိတ်ကို ကျခံမည်ဟု မန်စီးတီးအသင်းပိုင်ရှင် ကြေညာ

ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကြည့်မည့်ပရိသတ်များ၏ ခရီးစရိတ်ကို ကျခံမည်ဟု မန်စီးတီးအသင်းပိုင်ရှင် ကြေညာ
Photo: Getty Images
Photo: Getty Images
Published 19 May 2021

မန်စီးတီးအသင်းပိုင်ရှင် ရှိတ်မန်ဆော်က ချန်ပီယံလိဂ်ဗိုလ်လုပွဲ သွားရောက်ကြည့်ရှုမည့် အသင်းပရိသတ်များ၏ ခရီးစရိတ်ကို ကျခံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး မေလ (၂၉)ရက်တွင် ချယ်လ်ဆီးအသင်းနှင့် ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့ရှိ Estadio do Dragao ကွင်းတွင် ကစားရမည်ဖြစ်သည်။ 

အဆိုပါပွဲစဉ်ကို သွားရောက်အားပေးကြမည့်အသင်းပရိသတ်များ၏ ခရီးစရိတ်ကို ကျခံသွားမည်ဖြစ်ကြောင်း မန်စီးတီးအသင်းပိုင်ရှင်က မေလ (၁၈)ရက်တွင် ကတိပေးခဲ့ခြင်းဖြစ်သည်။ 

မန်စီးတီးအသင်း၏ ထုတ်ပြန်ချက်တွင် "ယခုလကုန်ပိုင်းတွင် ပေါ်တို၌ ကျင်းပမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သွားရောက်ကြည့်ရှုမည့် အသင်းပရိသတ်များ၏ ခရီးစရိတ်ကို မင်းသား ရှိတ်မန်ဆော်က ကျခံသွားမည်ဖြစ်ကြောင်း မန်စီးတီးအသင်းက ကြေညာအပ်ပါသည်။ ကိုရိုနာကပ်ဘေးကြောင့် မန်စီးတီးအသင်းပရိသတ်များ ငွေကြေးကျပ်တည်းမှုများနှင့်ကြုံတွေ့နေရပြီး ယင်းအခက်အခဲကို ကူညီပေးရန်ဖြစ်ကြောင်း"ပါရှိသည်။ 

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့ကို တစ်သင်းလျှင် လက်မှတ်စောင်ရေ (၆၀၀၀)စီ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent