PR စနစ်တွင် မျိုးကွဲများစွာရှိပြီး မြန်မာနိုင်ငံဖွဲ့စည်းပုံ၊ မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့်စနစ်များဆိုပါက နိုင်ငံတော်၏အကျိုးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း UEC အဖွဲ့ဝင် ပြောကြား

PR စနစ်တွင် မျိုးကွဲများစွာရှိပြီး မြန်မာနိုင်ငံဖွဲ့စည်းပုံ၊ မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့်စနစ်များဆိုပါက နိုင်ငံတော်၏အကျိုးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း UEC အဖွဲ့ဝင် ပြောကြား
Published 16 May 2021

PRစနစ် (အချိုးကျကိုယ်စားပြုမှုစနစ်)တွင် မျိုးကွဲများစွာရှိပြီး မြန်မာနိုင်ငံဖွဲ့စည်းပုံ၊ မြန်မာနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့် စနစ်များဆိုပါက နိုင်ငံတော်၏ အကျိုးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

မေ ၁၅ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် PR စနစ်နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေ အနေများအပေါ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးခင်မောင်ဦးက အထက်ပါအတိုင်းထည့်သွင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအ နေနဲ့ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေးအာဏာများရရှိတဲ့အတွက် ရှိပြီးဖြစ်တဲ့ အတွက် ပြင်ဆင်နိုင်တဲ့ဥပဒေများကို ကျွန်တော်တို့  ပြင်ဆင်နိုင်ပါတယ်။ နည်းဥပဒေကတော့ ကျွန်တော်တို့အနေနဲ့ပြင်ဆင်လို့ ကော်မရှင်ရဲ့ ပြင်ဆင်ပိုင်ခွင့်ဖြစ်ပါတယ်။ အမိန့်ကြေညာ စာနဲ့ ပြင်လို့ ရပါတယ်။ ဒါတွေကိုလည်း သုံး သပ်ပြီးကာကျမှ ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။  ဒီလိုဆောင်ရွက်မှုအခြေအနေများကို ကျွန်တော်တို့အနေနဲ့အချိန်နဲ့ တပြေးညီထုတ် ပြန်ပေးသွားမှာဖြစ်ပါတယ်။ မှန်ပါတယ်၊ ဒီ ဟာနဲ့ပတ်သက်လို့ လုပ်မယ်ဆိုရင် ဒါတွေကို သေချာလေ့လာရမယ်။ ဥပဒေမူဘောင်ကို လည်း ကြည့်ရမယ်။ ပြီးတော့ ပညာပေးမှုအ တွက် လုပ်ဖို့နဲ့ ဆောင်ရွက်ရမယ့်အချိန်ကာလ ကန့်သက်ချက်တချို့တော့ လိုပါတယ်။ သို့ သော်လည်း PR စနစ်မှာ မျိုးကွဲများစွာရှိပါ တယ်။ ရှင်းလင်းလွယ်ကူတဲ့နည်းများလည်း ရှိတဲ့အတွက် မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ အဓိ က မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံနဲ့ မြန်မာနိုင်ငံရဲ့ လူမျိုးတွေ၊ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက် ပုံနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ စနစ်များဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံတော် ရဲ့ အကျိုးအတွက် ဆောင်ရွက်ရမယ့်အနေအ ထားမျိုးရှိကြောင်း ဖြေကြားလိုပါတယ်” ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

PR စနစ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၆ ရက်က UEC နှင့် နိုင်ငံရေးပါတီများ တွေ့ ဆုံသည့်အစည်းအဝေးတွင်လည်း တက်ရောက်လာသည့် နိုင်ငံရေးပါတီများက တင်ပြခဲ့ခြင်း များရှိခဲ့ပြီး နိုင်ငံရေးပါတီများကိုလည်း PR စနစ်နှင့်ပတ်သက်၍ စာတမ်းများပြုစုပေးရန် ပြောကြားထားကြောင်း ဦးခင်မောင်ဦးက ပြောကြားသည်။

ဦးခင်မောင်ဦးက “လက်ရှိအချိန်အထိ နိုင်ငံရေးပါတီ ကိုးခုကနေပြီးတော့ စာတမ်းများလည်း ရရှိပြီးဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း PR စနစ်ကျင့်သုံးနိုင်ဖို့ အခြေအနေနဲ့ပတ်သက် လို့ ယခင်တုန်းကလည်း ၂၀၁၀-၁၁၊ ၁၅ မှာ တုန်းကလည်း ကျွန်တော်တို့ သုံးသပ်ခဲ့တဲ့ စာတမ်းတွေလည်း ရှိပါတယ်။ အလားတူ လွှတ်တော်မှာလည်း ၂၀၁၄ ခုနှစ်မှာ အမျိုး သားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေမှာ PRစနစ်ကျင့်သုံးနိုင်ရေးနဲ့ပတ်သက်တဲ့ အစီ ရင်ခံစာတွေရှိပါတယ်။ နောက် အမျိုးသား လွှတ်တော်မှာဆိုရင် ဒီဟာနဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးနဲ့အဆိုကို အတည်ပြုပြီးတော့ အကောင်အထည်ဖော်ဖို့ အဆင့်အထိ ရောက်ခဲ့ပြီးသားလည်း ဖြစ်ပါ တယ်။ ဒီအခြေအနေမျိုးတွေ လွှတ်တော်မှာ ရော ကော်မရှင်မှာရော ဆောင်ရွက်ထားတဲ့ အနေအထားလည်းရှိပါတယ်။ နောက် ပါတီ တွေရဲ့ တင်ပြချက်တွေလည်းရှိပါတယ်။ အ လားတူ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ လည်း လေ့လာသုံးသပ်တင်ပြလျက်ရှိပါ တယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဥပဒေပြင်ဆင် ရေးနဲ့ပတ်သက်လို့ရှိရင်လည်း အမျိုးသား လွှတ်တော်ဆိုရင် ဆောင်ရွက်လို့ရတဲ့ အနေ အထားမျိုးရှိပါတယ်။ ပြည်သူ့လွှတ်တော်တို့၊ တိုင်းဒေသကြီးလွှတ်တော်တို့ဆိုရင်လည်း လိုအပ်တဲ့ဥပဒေကို ပြင်ဆင်လိုက်ရင် ဆောင် ရွက်နိုင်တဲ့အနေအထားမျိုး ကျွန်တော်တို့ ကနဦးတော့ သုံးသပ်တွေ့ရှိရပါတယ်” ဟု ပြော ကြားသည်။

မေ ၂၁ ရက်တွင် UEC နှင့် နိုင်ငံရေးပါ  တီများ တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ပြီး NLD ပါတီအပါအဝင်  တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများအားလုံးကို ဖိတ်ကြားထား ကြောင်းနှင့် ပြီးခဲ့သည့်တွေ့ဆုံမှုတွင် ဆုံးဖြတ် ချက်ခုနစ်ချက်ရရှိထားကြောင်း ဦးခင်မောင်ဦးက ပြောကြားသည်။

 

Most Read

Most Recent