နည်းပြများအား လျော်ကြေးအများဆုံးပေး၍ ခေါ်ယူခဲ့သည့်စာရင်းတွင် ချယ်လ်ဆီးအသင်းက (၄)ဦးဖြင့် ဦးဆောင်နေပြီး ဘိုအာစ်၊ မော်ရင်ဟို၊ ဆာရီနှင့် လမ်းပတ်တို့အတွက် ပေါင် (၂၇) သန်းကျော် ကုန်ကျခဲ့

နည်းပြများအား လျော်ကြေးအများဆုံးပေး၍ ခေါ်ယူခဲ့သည့်စာရင်းတွင် ချယ်လ်ဆီးအသင်းက (၄)ဦးဖြင့် ဦးဆောင်နေပြီး ဘိုအာစ်၊ မော်ရင်ဟို၊ ဆာရီနှင့် လမ်းပတ်တို့အတွက် ပေါင် (၂၇) သန်းကျော် ကုန်ကျခဲ့
Photo: Getty Images
Photo: Getty Images
Published 4 May 2021

နည်းပြများအား လျော်ကြေးအများဆုံး ပေး၍ ခေါ်ယူခန့်အပ်ခဲ့သည့်စာရင်းတွင် ချယ်လ်ဆီးအသင်းက (၄)ဦးဖြင့် ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ဗီလက်စ်ဘိုအာစ်၊ မော်ရင်ဟို၊ ဆာရီနှင့် လမ်းပတ်တို့အတွက် ပေါင် (၂၇) သန်းကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

    

ပြီးခဲ့သည့်တစ်ပတ်တွင် ဘွန်ဒစ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ် အသင်း၏ လူငယ်နည်းပြ နာဂယ်စ်မန်းကို လျော်ကြေး ပေါင် (၂၁.၇) သန်း (ယူရို ၂၅ သန်း) ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိ ခဲ့ပြီး ယင်းပမာဏမှာ နည်းပြများအတွက် အများဆုံးပေးချေရသည့် လျော်ကြေးအဖြစ် စံချိန်တင်ခဲ့သည်။ သို့ဖြစ်ရာ ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနက လျော်ကြေး အများဆုံးပေး၍ ခေါ်ယူခဲ့သည့် နည်းပြများ စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းစာရင်း တွင် ချယ်လ်ဆီးအသင်းက (၄)ဦးဖြင့် အများ ဆုံးပါဝင်နေကြောင်း သိရသည်။

    

ချယ်လ်ဆီးအသင်းသည် ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်ပိုင်ဆိုင်ပြီးနောက် နည်းပြများစွာ အပြောင်းအလဲပြုလုပ်ခဲ့သလို ၎င်း စိတ်ကြိုက်နည်းပြများကိုလည်း လျော်ကြေး မြင့်မားစွာပေး၍ ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်း လျော်ကြေးအများဆုံးပေး ခဲ့ရသူမှာ ၂၀၁၀-၂၀၁၁ ရာသီတွင် ပေါ်တို အသင်းနှင့် ဖလား(၄)လုံးရယူခဲ့သည့် လူငယ်နည်းပြ ဗီလက်စ်ဘိုအာစ်ဖြစ်ပြီး ပေါင် (၁၃.၃) သန်း ပေးချေခဲ့ရသည်။ မော်ရင် ဟိုလက်သစ်ဟု နာမည်ကြီးသူ ဘိုအာစ်သည် ထိုစဉ်က အသက် (၃၃) နှစ်သာရှိသေးပြီး တစ် ရာသီမပြည့်ခင်မှာပင် ပြန်လည်ထုတ်ပယ်ခံ ခဲ့ရသည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် မော်ရင်ဟိုအား ပေါ်တိုအသင်းမှခေါ်ယူစဉ် ပေါင် (၅.၂) သန်း၊ ဆာရီအား နာပိုလီ အသင်းမှခေါ်ယူစဉ် ပေါင် (၅)သန်းနှင့် လမ်းပတ်အား ဒါဘီအသင်းမှခေါ်ယူစဉ် ပေါင် (၄)သန်း ပေးချေခဲ့ရကြောင်း သိရသည်။

    

ယခုစာရင်းတွင် မော်ရင်ဟိုနှင့်အတူ ဘရန်ဒန်ရော်ဂျာက (၂)ကြိမ်ပါဝင်နေပြီး ၎င်းအား လီဗာပူးလ်အသင်းက ခေါ်ယူစဉ် ဆွမ်ဆီးအသင်းအား ပေါင်(၅)သန်းနှင့် လက်စတာအသင်းက ခေါ်ယူစဉ် ဆဲလ်တစ်အသင်းအား ပေါင် (၈.၈) သန်း ပေးချေခဲ့ရ ကြောင်း သိရသည်။

Most Read

Most Recent