နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၆၀ ဝန်းကျင်ရှိနေ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၆၀ ဝန်းကျင်ရှိနေ
Published 29 April 2021

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းသည် ဧပြီ ၂၉ ရက်တွင် ပွိုင့် ၉၀ ဝန်းကျင် ဖြစ်ပေါ်ပြီး ဧပြီ ၂၉ ရက်တွင် ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာ ကျပ် ၁၅၆၀ ဝန်းကျင် ရှိခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းများမှာ စက်တင်ဘာတွင် ၉၄ ဒသမ ၇၅ ပွိုင့်၊ အောက်တိုဘာတွင် ၉၄ ဒသမ ၁၂ ပွိုင့်၊ နိုဝင်ဘာတွင် ၉၄ ဒသမ ၂၄ ပွိုင့်၊ ဒီဇင်ဘာတွင် ၈၉ ဒသမ ၉၃ ပွိုင့်၊ ဇန်နဝါရီတွင် ၉၁ ဒသမ ၀၂ ပွိုင့်၊ ဖေဖော်ဝါရီတွင် ၉၁ ဒသမ ၅၉ ပွိုင့် ဖြစ်သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မတ်တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂ - ၁၃၉၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ -၁၃၆၂ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇-၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင် ၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ ဖြစ်သည်။

ပြည်တွင်း စျေးကွက်အတွင်း ၂၀၂၁ ခုနှစ် ဧပြီ ၂၉ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၈၀၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၁၁၅၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၅ ကျပ်၊ ထိုင်းဘတ် ၄၈ ကျပ်၊ တရုတ်ယွမ် ၂၁၉ ကျပ်၊ ဂျပန်ယန်း ၁၃ ဒသမ ၂၀ ကျပ် ဖြစ်သည်။

Most Read

Most Recent