မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ကမ္ဘာ့အကောင်းဆုံးနည်းပြဟု PSG အသင်းနည်းပြ ပိုချက်တီနို ချီးကျူး

မန်စီးတီးနည်းပြ ဂွါဒီယိုလာကို ကမ္ဘာ့အကောင်းဆုံးနည်းပြဟု PSG အသင်းနည်းပြ ပိုချက်တီနို ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 27 April 2021

PSG အသင်းနည်းပြ ပိုချက်တီနိုက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယနေ့ရင်ဆိုင်ရမည့် ပြိုင်ဘက် မန်စီးတီးအသင်းမှ နည်းပြဖြစ်သူ ဂွါဒီယိုလာသည် ကမ္ဘာ့အကောင်းဆုံးနည်းပြဟု ချီးကျူးခဲ့သည်။

    

ပိုချက်တီနိုနှင့် ဂွါဒီယိုလာသည် ကစားသမားနှင့် နည်းပြဘဝနှစ်ခုစလုံးတွင် ပြိုင်ဘက်အဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရသူများ ဖြစ်သည်။ 

အက်စ်ပန်ညိုကို ပိုချက်တီနို ကိုင်တွယ်စဉ် ဘာစီလိုနာအသင်းနည်းပြအဖြစ် ဂွါဒီယိုလာနှင့်တွေ့ဆုံခဲ့ပြီး စပါးအသင်း၌ ရှိနေသည့် (၅)နှစ်တာကာလအတွင်း မန်စီးတီးသို့ ဂွါဒီယိုလာ ရောက်ရှိလာသောကြောင့် ပြိုင်ဘက်များအဖြစ် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။ 

"ကျွန်တော့်အတွက်တော့ သူဟာ အကောင်းဆုံးပါပဲ။ သူ့အနေနဲ့ မန်စီးတီးအသင်းအတွက်သာမကဘဲ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာပါ အံ့အားသင့်စရာကောင်းတဲ့အလုပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ သူက အံ့အားသင့်စရာကောင်းပြီး အသိဉာဏ်ရှိတဲ့ နည်းပြတစ်ဦးပါ။ ကွဲပြားခြားနားတဲ့ နည်းဗျူဟာပိုင်းနဲ့ Game Plan အကြောင်း အမြဲတွေးနေသူလည်း ဖြစ်ပါတယ်။ သူနဲ့ သူပြင်ဆင်ထားတဲ့ အသင်းတွေအပေါ် စိန်ခေါ်ခွင့်ရတာကို ကျွန်တော် နှစ်သက်ပါတယ်"ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။  

၎င်းတို့နှစ်ဦးအကြား အချင်းများမှုအဖြစ် ဂွါဒီယိုလာက စပါးအသင်းကို ဟာရီကန်းအသင်းဟု လှောင်ပြောင်ခဲ့ခြင်းအတွက် ပိုချက်တီနို ဘက်မှ လေးစားမှုမရှိသည့်လုပ်ရပ်ဟု တုံ့ပြန်ခဲ့သည်။

Most Read

Most Recent