ဘဏ်များတွင် မေ ၃ ရက်မှ စတင်ကာ စာရင်းသစ်များ ဖွင့်လှစ် ငွေသားအပ်နှံခွင့် ပြုမည်ဖြစ်ပြီး ၎င်းစာရင်းမှ ငွေသားပြန်ထုတ်ပါက ကန့်သတ်ချက်မရှိဘဲ ခွင့်ပြုမည်ဟု ဗဟိုဘဏ်ထုတ်ပြန်

ဘဏ်များတွင် မေ ၃ ရက်မှ စတင်ကာ စာရင်းသစ်များ ဖွင့်လှစ် ငွေသားအပ်နှံခွင့် ပြုမည်ဖြစ်ပြီး ၎င်းစာရင်းမှ ငွေသားပြန်ထုတ်ပါက ကန့်သတ်ချက်မရှိဘဲ ခွင့်ပြုမည်ဟု ဗဟိုဘဏ်ထုတ်ပြန်
Published 27 April 2021

ဘဏ်များတွင် မေ ၃ ရက်မှ စတင်ကာ စာရင်းသစ်များ ဖွင့်လှစ် ငွေသားအပ်နှံခွင့် ပြုမည်ဖြစ်ပြီး ၎င်းစာရင်းမှ ငွေသားပြန်ထုတ်ပါက ကန့်သတ်ချက်မရှိဘဲ ခွင့်ပြုမည်ဟု ဗဟိုဘဏ်က ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ ထုတ်လွှင့်မှုအရ သိရသည်။ 

ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့်  မေလ ၃ ရက်မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များ ဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့် ပြုမည်ဖြစ်ပြီး ထိုစာရင်းအသစ်မှ ငွေသားပြန်လည် ထုတ်ယူလိုပါက အပ်နှံငွေသား ပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မေ ၃ ရက်မတိုင်မီ ဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသူများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူလငွေထုတ် ကန့်သက်ချက်များအတိုင်း ငွေသားများ ဆက်လက် ထုတ်ယူခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေထုတ် ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent