အေစီမီလန်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်သည့်အတွက် ပျော်ရွှင်နေကြောင်း အီဘရာဟီမိုဗစ် ဆို

အေစီမီလန်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်သည့်အတွက် ပျော်ရွှင်နေကြောင်း အီဘရာဟီမိုဗစ် ဆို
Photo: Getty Images
Photo: Getty Images
Published 24 April 2021

 

အေစီမီလန်အသင်း ၀ါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က အသင်းနှင့် စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။ 

    

အသက် (၃၉) နှစ်ရှိပြီဖြစ်သည့် ဆွီဒင် တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ၂၀၂၁- ၂၀၂၂ ရာသီကုန်အထိ ဆက်ရှိနေမည့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

အီဘရာဟီမိုဗစ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းမှ အေစီမီလန်အသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာခြင်းဖြစ်ပြီး ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အထိ ပထမအကြိမ် လာရောက်ကစားခဲ့ဖူးသည်။ 

"အေစီမီလန်အတွက် ကစားရတာက ကိုယ့်ရဲ့ အိမ်လိုပဲ ခံစားရတယ်လို့ ကျွန်တော်အမြဲပြောဖူးပါတယ်။ အသင်းနဲ့အတူ ဆက်ရှိနေခွင့်ရလို့ တကယ်ဝမ်းသာပါတယ်။ ဖြစ်နိုင်ရင် ဘဝတစ်လျှောက်လုံး ဒီမှာပဲ နေသွားချင်ပါတယ်"ဟု ၎င်းက စာချုပ်သစ်လက်မှတ်ရေးထိုးပြီးနောက် ပြောကြားခဲ့သည်။

၎င်းသည် လာမည့်အောက်တိုဘာတွင် အသက် (၄၀) ပြည့်တော့မည်ဖြစ်ရာ ယခုစာချုပ်ကုန်ဆုံးချိန် ၂၀၂၂ ခုနှစ် ဇွန်တွင် (၄၁) နှစ်နီးပါးအထိ ရှိနေမည်ဖြစ်သည်။ 

အီဘရာဟီမိုဗစ်သည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် (၁၅)ဂိုးနှင့် ပြိုင်ပွဲစုံတွင် (၁၇)ဂိုးသွင်းယူကာ အသင်း၏ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။ 

Most Read

Most Recent