မက်ဆီ၏အနာဂတ်ကိုဆွေးနွေးရန်အတွက် ဖခင်ဖြစ်သူ ဘာစီလိုနာသို့ ရောက်ရှိနေ

မက်ဆီ၏အနာဂတ်ကိုဆွေးနွေးရန်အတွက် ဖခင်ဖြစ်သူ ဘာစီလိုနာသို့ ရောက်ရှိနေ
Photo: The Sun
Photo: The Sun
Published 20 April 2021

ဘာစီလိုနာအသင်းခေါင်းဆောင် မက် ဆီ၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဖခင်ဖြစ်သူ ဟော်ဟဲသည် သားဖြစ်သူ၏ အနာဂတ်ကို ဆွေးနွေးရန်အတွက် ဘာစီလို နာမြို့သို့ရောက်ရှိနေကြောင်း သိရသည်။

ဟော်ဟဲသည် တနင်္ဂနွေနေ့တွင် ဘာစီ လိုနာမြို့သို့ ရောက်ရှိလာခြင်းဖြစ်ပြီး မက်ဆီ ၏ အနာဂတ်နှင့်ပတ်သက်၍ ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာနှင့် ဆွေးနွေးရန်ရှိသော် လည်း စတင်ဆွေးနွေးမည့်နေ့ရက်ကို သတ် မှတ်ရခြင်းမရှိသေးကြောင်း သိရသည်။ 

၎င်း သည် ပုဂ္ဂိုလ်ရေးကိစ္စဖြင့် ယခုရက်သတ္တပတ် အတွင်း အီတလီသို့သွားရောက်မည်ဖြစ်ပြီး ဘာစီလိုနာအသင်းနှင့် ဆွေးနွေးမည့်အစီ အစဉ်ကို မသတ်မှတ်ရသေးကြောင်း သတင်း ရင်းမြစ်တစ်ဦးက ESPN သတင်းဌာနသို့ ပြောကြားသည်။ 

မက်ဆီနှင့် ဘာစီလိုနာ အသင်းတို့၏ စာချုပ်သက်တမ်းမှာ နှစ်လ ဝန်းကျင်သာ ကျန်ရှိတော့ပြီး ကစားသမား ကိုယ်တိုင်ကမူ ရာသီပြီးဆုံးမှသာ အနာဂတ် ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာ ကလည်း လာမည့်ရာသီတွင် မက်ဆီဆက်ရှိ နေရန်အတွက် တတ်နိုင်သမျှ အစွမ်းကုန်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း စပိန်ဘုရင့်ဖလား ပြိုင်ပွဲ၌ ဗိုလ်စွဲအပြီး မီဒီယာများနှင့်တွေ့ဆုံ စဉ် ပြောကြားသည်။

Most Read

Most Recent