စူပါလိဂ်ပြိုင်ပွဲကြေညာချက် ထွက်ပေါ်လာပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ ရှယ်ယာတန်ဖိုး (၉)ရာခိုင်နှုန်း မြင့်တက်လာ

စူပါလိဂ်ပြိုင်ပွဲကြေညာချက် ထွက်ပေါ်လာပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ ရှယ်ယာတန်ဖိုး (၉)ရာခိုင်နှုန်း မြင့်တက်လာ
Photo: Getty Images
Photo: Getty Images
Published 20 April 2021

ဥရောပစူပါလိဂ်ပြိုင်ပွဲကြေညာချက် ထွက်ပေါ်လာပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ ရှယ်ယာတန်ဖိုးမှာ (၉)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

ဥရောပထိပ်တန်းကလပ်အသင်း (၁၂)သင်းက ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် လမ်းခွဲကာ ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ကြေညာချက်ထုတ်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ ရှယ်ယာအစု သေးတစ်စုတန်ဖိုးမှာ ယူရို (ဝ.၇၇)မှ (ဝ.၈၆)အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ရာခိုင်နှုန်းအနေဖြင့် (၇)ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်း၏ ရှယ်ယာ ဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်အတွင်းက ရှယ်ယာအစိတ်သေးတစ်ခုအ တွက် (၁)ယူရိုကျော်ရှိခဲ့ရာမှ အသင်းရလဒ်များ ဆိုးရွားခဲ့ပြီးနောက် ကျဆင်းလာခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အနိမ့်ဆုံးအဖြစ် (ဝ.၇၅)ယူရိုအထိ ကျဆင်းသွားခဲ့သည်။

ယခု ဥရောပစူပါလိဂ်ပြိုင်ပွဲ ကြေညာချက် ထွက်ပေါ်လာပြီးသည့်နောက်တွင်မူ ကလပ်အသင်း၏ ကြွေးမြီပြဿနာ၊ ဘဏ္ဍာရေးပြဿနာများ ပြေလည်ရန်လမ်းစဖြစ်သည့်အပြင်၊ အနာဂတ်တွင် ဝင်ငွေတိုးလာနိုင်သည့်အတွက် ရှယ်ယာဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။

သို့ရာတွင် စူပါလိဂ်ပြိုင်ပွဲကို အမှန်တကယ်စတင်နိုင်ရန်မှာ အခက်အခဲများစွာကို ကျော်ဖြတ်ရဖွယ်ရှိနေသည့်အတွက် ပြန်လည်ကျဆင်းဖွယ်လည်းရှိနေသည်။

Most Read

Most Recent