လိဒ်စ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဆိုခြင်းကို ဘီယဲလ်ဆာ ငြင်းဆန်

လိဒ်စ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဆိုခြင်းကို ဘီယဲလ်ဆာ ငြင်းဆန်
Photo: FIFA
Photo: FIFA
Published 15 April 2021

လိဒ်စ်အသင်း၏ နည်းပြ ဘီယဲလ်ဆာက အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဆိုခြင်းကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဘီယဲလ်ဆာသည် ယခုရာသီမစမီ အသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုကာ ကိုင်တွယ်နေခြင်းဖြစ်ပြီး ရာသီကုန်တွင် စာချုပ်သက်တမ်းပြည့်မည်ဖြစ်သည်။

ထို့ကြောင့် လိဒ်စ်အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီး (၂)နှစ်သက်တမ်းဖြင့် ဆက်လက်ကိုင်တွယ်သွားရန်အတွက် သဘောတူညီမှုရရှိရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အာဂျင်တီးနားမီဒီယာများက ဖော်ပြခဲ့သည်။

သို့သော် ဘီယဲလ်ဆာက ''ဒီသတင်းက မမှန်ပါဘူး။ ဒီလိုသတင်းကို ကလပ်အသင်း ဒါမှမဟုတ် ကျွန်တော်ကပဲ အတည်ပြုပေးနိုင်တာပါ'' ဟု ပြောကြားခဲ့သည်။

ဘီယဲလ်ဆာက လက်ရှိအချိန်တွင် လိဒ်စ်အသင်းကို ပရီးမီးယားလိဂ်တွင် ရပ်တည်မှုမြင့်မားရန်သာ အာရုံစိုက်ထားကြောင်းလည်း ဆိုခဲ့သည်။

Most Read

Most Recent