နည်းပြဘဝတစ်လျှောက် ပထမဆုံးအဖြစ် လိဂ်ပွဲစဉ်(၁၀)ပွဲအထိ မော်ရင်ဟို ရှုံးနိမ့်

နည်းပြဘဝတစ်လျှောက် ပထမဆုံးအဖြစ် လိဂ်ပွဲစဉ်(၁၀)ပွဲအထိ မော်ရင်ဟို ရှုံးနိမ့်
Photo: AFP
Photo: AFP
Published 12 April 2021

 

စပါးနည်းပြ မော်ရင်ဟိုသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် မန်ယူအသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက်  နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီအတွင်း လိဂ်ပွဲစဉ် (၁၀)ပွဲအထိ ရှုံးနိမ့်ခဲ့သည့်မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ကြောင်း သိရသည်။

မော်ရင်ဟိုသည် ခံစစ်ထူးချွန်သည့် နည်းပြတစ်ဦးအဖြစ် ထင်ရှားကျော်ကြားခဲ့သူဖြစ်ပြီး ကိုင်တွယ်ခဲ့သည့် အသင်းတိုင်းကို ရှုံး ပွဲနည်းပါးအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။ ၎င်းအနေဖြင့် ယခုနောက်ပိုင်းကာလတွင် နည်းပြရာထူးတည်မြဲရန် ရုန်းကန်လာရသော်လည်း လိဂ်ပြိုင်ပွဲ၌ တစ်ရာသီအတွင်း ရှုံးပွဲ (၁၀)ပွဲမပြည့်အောင် စွမ်းဆောင်နိုင်သည့်မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ 

ယခု နည်းပြသက်တမ်း နှစ်(၂၀)ဝန်းကျင် ရောက်ရှိလာမှ အဆိုပါစံချိန် ကျိုးပျက်ခဲ့ရခြင်းဖြစ်ပြီး စပါးအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံရရန် နီးစပ်နေပြီဖြစ်ကြောင်း ထင်ကြေးပေးမှုများလည်း ထွက်ပေါ်နေသည်။

မော်ရင်ဟို၏ ဦးဆောင်မှုအောက်တွင် စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ ဦးဆောင်ဂိုးကို မထိန်းနိုင်ဘဲ အမှတ်ဆုံးရှုံးမှု ဒုတိယအများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေကြောင်းလည်း သိရသည်။ စပါးအသင်းသည် (၁၈)မှတ်အထိ ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး ဘရိုက်တန်အသင်းက အမှတ် (၂၀)အထိ ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent