ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအင်တာဗျူးအစီအစဉ်ကို လမ်းပတ် ပြုလုပ်ခဲ့ပြီး အေဘရာမိုဗစ်ချ်ကို ဝေဖန်ရန် ငြင်းဆန်

ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် ပထမဆုံးအင်တာဗျူးအစီအစဉ်ကို လမ်းပတ် ပြုလုပ်ခဲ့ပြီး အေဘရာမိုဗစ်ချ်ကို ဝေဖန်ရန် ငြင်းဆန်
Photo: Getty Images
Photo: Getty Images
Published 12 April 2021

 

ချယ်လ်ဆီးအသင်းနည်းပြ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ဂန္ထဝင်ကစားသမားဟောင်း ဖရန့်လမ်းပတ်သည် ရာထူးမှ အထုတ်ခံရပြီးနောက်ပိုင်း ပထမဆုံး အင်တာဗျူးကို ပြုလုပ်ခဲ့ပြီး ယင်းအင်တာဗျူးတွင် အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဝေဖန်ရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။

လမ်းပတ်သည် ချယ်လ်ဆီးအသင်းကို (၁၈)လကြာ ကိုင်တွယ်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဇန်နဝါရီလက ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ၎င်းက ရာထူးမှ အထုတ်ခံခဲ့ရသော်လည်း ချယ်လ်ဆီးအသင်း နည်းပြရာထူးတွင် သူ ရှိခဲ့သည့် (၁၈)လသည် အလွန်ကောင်းမွန်သည့် အချိန်များ ဖြစ်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။ 

ထို့ပြင် သူနည်းပြအဖြစ် ဆောင်ရွက်ခဲ့သည့်ကာလအတွင်း ကွင်းအတွင်း ပရိသတ်များမရှိခြင်းကလည်း သူ့အတွက် ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု Willow Foundation သို့ အွန်လိုင်းအင်တာဗျူး မှတစ်ဆင့် ပြောကြားခဲ့သည်။ 

လမ်းပတ်က "အသင်းပိုင်ရှင်ကို ကျွန်တော် မဝေဖန်လိုပါဘူး။ ချယ်လ်ဆီးအသင်းနည်းပြအဖြစ် ဆောင်ရွက်ခွင့်ရခဲ့တာကိုက မဟာအခွင့် အရေးကြီးတစ်ခုပါ။ အလွန်ကောင်းမွန်တဲ့ အချိန်တွေ ဖြစ်ခဲ့ပြီး ကျွန်တော် ဘယ်လိုခံစားချက်ရှိခဲ့သလဲဆိုတာကို ကလပ်အသင်းမှာရှိတဲ့လူတိုင်း သိပါတယ်။ ကိုဗစ်ကြောင့် နားခဲ့တဲ့ ဘောလုံးပွဲတွေ တစ်ကျော့ပြန်စကတည်းက ပရိသတ်တွေ မပါတော့တာလည်း ကျွန်တော် အရမ်းစိတ်ပျက်ပါတယ်။ ကစားသမားဟောင်းတစ်ဦးအနေနဲ့ ပရိသတ်တွေ ကွင်းထဲမှာရှိနေခြင်းရဲ့တွန်းအားနဲ့ အထောက်အကူကို ကျွန်တော် ကောင်းကောင်းနားလည်ပါတယ်။ အခုအချိန်မှာ ကျွန်တော့်အတွက် ကမ်းလှမ်းမှုတွေအများကြီးရှိနေပေမဲ့ အေးအေးဆေးဆေး အနားယူချင်ပါသေးတယ်" ဟု လမ်းပတ်က ဆိုခဲ့သည်။ 

Most Read

Most Recent