■ လူမျိုးရေးခွဲခြားမှုကြောင့် လူမှုမီဒီယာအသုံးပြုမှုရပ်ဆိုင်းရန် အွန်နရီ ဆုံးဖြတ်

■ လူမျိုးရေးခွဲခြားမှုကြောင့် လူမှုမီဒီယာအသုံးပြုမှုရပ်ဆိုင်းရန် အွန်နရီ ဆုံးဖြတ်
Published 29 March 2021

အာဆင်နယ်နှင့် ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အွန်နရီက လူမျိုးရေးခွဲခြားမှုနှင့် အွန်လိုင်းအနိုင်ကျင့်မှုများကြောင့် လူမှုမီဒီယာအသုံးပြုမှု ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ 

ယင်းသတင်းစကားကို ပြီးခဲ့သည့်သောကြာနေ့တွင် အွန်နရီက Follower (၂.၃) သန်းရှိသည့် Twitter မှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

''အကောင့်တစ်ခုလုပ်ရတာ အရမ်းလွယ်လွန်းနေတယ်။ နှောင့်ယှက်မှုနဲ့ အနိုင်ကျင့်မှုတွေအတွက် အရေးယူမှုမရှိသလို ဘယ်သူဘယ်ဝါမှန်းလဲ မသိရပါဘူး။ လူမျိုးရေးခွဲခြားမှု၊ အနိုင်ကျင့်မှုနဲ့ စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုတွေက အရမ်းများလွန်းပါတယ်''ဟု ၎င်းက ဆိုသည်။

လူမျိုးရေးခွဲခြားမှု၊ အွန်လိုင်းအနိုင်ကျင့်မှုများကြောင့် လူမှုမီဒီယာသုံးစွဲမှု ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီ၏ဆုံးဖြတ်ချက်ကို အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ထောက်ခံခဲ့သည်။

ဆောက်ဂိတ်က ကစားသမားများအနေဖြင့်လည်း ယင်းကဲ့သို့ပြုလုပ်သင့်ကြောင်း သုံးသပ်ပြောကြားသည်။

Most Read

Most Recent