လာလီဂါနှင့် ပြင်သစ်လီဂူး ပွဲကြိုသုံးသပ်ချက်

လာလီဂါနှင့် ပြင်သစ်လီဂူး ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 9 March 2021

■ လာလီဂါ ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို - ဘီလ်ဘာအို (မြန်မာစံတော်ချိန် မတ်လ ၁၁ ရက် နံနက် ၀၀:၃၀ နာရီ)

ဘီလ်ဘာအိုအသင်းက အသင်းကြီးတွေကို မထင်မှတ်ဘဲ ဒုက္ခပေးတတ်တဲ့အသင်းပါ။ ဒါပေမဲ့ အက်သလက်တီကိုနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ အိမ်ရှင်အသင်းကပဲ အသာစီးရတာများပါတယ်။ အထူးသဖြင့် ဘီလ်ဘာအိုအနေနဲ့ မက်ဒရစ်မြေမှာကစားတဲ့ လာလီဂါပွဲတွေမှာ အက်သလက်တီကိုကို ဆက်တိုက်အရှုံးပေးထားရတယ်။ အက်သလက်တီကိုတိုက်စစ်ရဲ့ဂိုးသွင်းအားက သိပ်ယုံစားလို့မရတဲ့ အခြေအနေတစ်ခုမှာ ရောက်နေတယ်။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ကောင်းမယ်ထင်တယ်။

 

 

■ ပြင်သစ်လီဂူး ပွဲကြိုသုံးသပ်ချက်

မာဆေးလ် - ရန်းစ် (မြန်မာစံတော်ချိန် မတ်လ ၁၁ ရက် နံနက် ၀၀:၃၀ နာရီ)

ရန်းစ်နည်းပြသစ် ဂျယ်နီဆီယိုရဲ့ပွဲဦးထွက်ပွဲက နိုင်ပွဲပြန်ရှာဖို့လိုအပ်နေတဲ့ မာဆေးလ်အသင်းနဲ့ တွေ့ဆုံနေလို့ မလွယ်လှပါဘူး။ ဒီနှစ်သင်းအကြား တစ်မှတ်ပဲကွာပေမဲ့ မာဆေးလ်အသင်းက အခြေအနေပိုကောင်းပြီး သရေပွဲတွေများနေတာ ဖြစ်ပါတယ်။ ဂျယ်နီဆီယိုရဲ့ Beginner ကို စောင့်ကြည့်သင့်ပေမဲ့ ချက်ချင်းအပြောင်းအလဲဖြစ်လာဖို့တော့ မလွယ်ပါဘူး။ မာဆေးလ်ပဲ နိုင်ဖို့များတယ်။

Most Read

Most Recent