စီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် 

စီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် 
Photo: Sky Sports
Photo: Sky Sports
Published 5 March 2021

စပီဇီယာ - ဘင်နီဗန်တို (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၈:၃၀ နာရီ)

တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး လက်ရှိအချိန်မှာ စပီဇီယာက ယုံကြည်မှုပိုမြင့်မားနေတယ်။ ဘင်နီဗန်တိုက တိုက်စစ်ပုံဖော်မှုတွေ မဆိုးပေမဲ့ အဆုံးသတ်မသေချာဘူး။ မလိုအပ်ဘဲ ဖွင့်ကစားတတ်လို့လည်း အမှတ်တွေဆုံးရှုံးနေတယ်။ စပီဇီယာက အိမ်ကွင်းမှာ အမှတ်ရတတ်လို့ ဒီပွဲလည်း ရလဒ်ကောင်းမယ်။

 



အူဒီးနီးစ် - ဆာဆူအိုလို (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၁၁:၃၀ နာရီ)

အူဒီးနီးစ်က တန်းဆင်းဇုန်နဲ့ဝေးသထက်ဝေးအောင် အမှတ်လိုအပ်နေသေးတယ်။ ဆာဆူအိုလိုက ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိသေးပေမဲ့ သိပ်ပြီးအလေးထားမယ်မထင်ဘူး။ အိမ်ကွင်း (၄)ပွဲဆက်ရှုံးပွဲမရှိတဲ့ အူဒီးနီးစ် အမှတ်ရမယ့်ပွဲဖြစ်ပြီး နှစ်သင်းပေါင်းသွင်းဂိုး (၃)ဂိုး ရှိပါလိမ့်မယ်။

 

ဂျူဗင်တပ်စ် - လာဇီယို (မြန်မာစံတော်ချိန် မတ်လ ၇ ရက် နံနက် ၂:၁၅ နာရီ)

ဂျူဗင်တပ်စ်က ဒဏ်ရာပြဿနာတချို့ ရင်ဆိုင်နေရပေမဲ့ သူ့ရဲ့လူစာရင်းအရ သိပ်ပြီး မခက်ခဲပါဘူး။ ဒါပေမဲ့ နည်းပြ ပီယာလိုက သူ့ရဲ့နည်းစနစ်အမှားတွေအတွက် ဒဏ်ရာပြဿနာအကြောင်းပြ ကာကွယ်နေတယ်။ တိုက်စစ်မှာ စီရော်နယ်လ်ဒို တစ်ဦးတည်း ကြံ့ခိုင်မှုပြည့်ဝနေတာ အားနည်းချက်ဆိုပေမဲ့ ခီယေဆာ၊ ကူလူဆက်ဗ်စကီးတို့ ရှိနေလို့ အမှားများတဲ့ လာဇီယိုခံစစ်ကို ထိုးဖောက်နိုင်လိမ့်မယ်။ လာဇီယို တစ်မှတ်ထက် မျှော်ခွင့်မရှိဘူး။ 

Most Read

Most Recent