ဘရက်စ် - ဒီယွန်း (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၁၂:၃၀ နာရီ)
ဒီယွန်းကတော့ ဇယားအောက်ဆုံးမှာ ရှုံးပွဲတွေဆက်ပြီး မျှော်လင့်ချက်မဲ့သလိုဖြစ်နေပါပြီ။ ဘရက်စ်ကတော့ ဖိအားမရှိသလို အိမ်ကွင်းဆိုရင်လည်း အမှတ်ရအောင်ယူတတ်တဲ့အ သင်းမျိုးဖြစ်တယ်။ ဘရက်စ်ပဲ နိုင်ပွဲယူလိမ့်မယ်။
လိုင်ယွန် - ရန်းစ် (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၁၂:၃၀ နာရီ)
ချန်ပီယံဆုအတွက်ဖိအားလိုက်ပေးရင်း အမှားအယွင်းတွေထပ်မဖြစ်ဖို့ လိုင်ယွန်တို့ဂရုစိုက်ရမယ်။ ရန်းစ်က လက်ရှိမှာ ပုံစံပျက်နေတယ်ဆိုပေမဲ့ အခုလိုပွဲမျိုးမှာ အမှတ်ရဖို့ရုန်းလာနိုင်တယ်။ အိမ်ရှင်ဆိုပေမဲ့ လိုင်ယွန် ကပ်နိုင်ပဲ ဖြစ်လိမ့်မယ်။
မက်ဇ် - အန်ဂါစ် (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၁၂:၃၀ နာရီ)
မက်ဇ်က ဥရောပဝင်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်နေပြီး လက်ရှိမှာလည်း ကစားပုံပြန်တည်ငြိမ်သလိုဖြစ်နေတယ်။ အန်ဂါစ်ကတော့ ဖိအားကြီးကြီးမားမားရှိမနေပါဘူး။ အိမ်ကွင်းလည်းဖြစ်နေလို့ မက်ဇ်တို့ပဲ နိုင်ပွဲဆက်သွားလိမ့်မယ်။
နိုက်စ် - နီးစ် (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၁၂:၃၀ နာရီ)
နီးစ်က ရလဒ်ကောင်းတွေယူပြီး တန်းဆင်းဇုန်နဲ့အဝေးကို ရောက်ဖို့ကြိုးစားနေတယ်။ ယုံကြည်မှုလည်းရှိနေပြီး ကွင်းမရွေး မာမာကျောကျောတုံ့ပြန်မှုတွေက နိုက်စ်အတွက် ဖိအားဖြစ်စေနိုင်ပါတယ်။ နိုက်စ်ကွင်းဆိုပေမဲ့ နီးစ်တို့ အမှတ်ယူသွားနိုင်တယ်။
စိန့်အက်တီယန် - လန်းစ် (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၁၂:၃၀ နာရီ)
စိန့်အက်တီယန်က လက်ရှိမှာ ရလဒ်ရော၊ ခြေစွမ်းပါတည် ငြိမ်နေတဲ့အသင်းပါ။ လန်းစ်ကလည်း ဥရောပဝင်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်နေပြီး ရလဒ်တွေကလည်း ကျေနပ်စရာကောင်းနေတယ်။ သရေဆိုတာ နှစ်သင်းစလုံးအတွက် မျှတပါတယ်။
ဘော်ဒိုး - PSG (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၃၀ နာရီ)
နောက်ဆုံး (၆)ပွဲဆက်နိုင်ပွဲပျောက်ပြီး ဇယားအလယ်နား ရောက်သွားတဲ့ ဘော်ဒိုးရဲ့လက်ရှိအခြေအနေက ချန်ပီယံတိုက်ပွဲအတွက် အမှားအယွင်းမခံတော့မဲ့ PSG ကိုဟန့်တားနိုင်ဖို့ မရှိပါဘူး။ PSG ဂိုးပြတ်အနိုင်ယူဖို့များတယ်။
လိုင်လီ - မာဆေးလ် (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၃၀ နာရီ)
လိုင်လီက တည်ငြိမ်မှု၊ ယုံကြည်မှုတွေနဲ့အတူ ချန်ပီယံဆုအတွက် အမှားအယွင်းမရှိရှေ့ဆက်နေပါတယ်။ ဒီရာသီ လိုင်လီရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က မဖြစ်မနေအသိအမှတ်ပြုရမှာဖြစ်ပြီး အိမ်ကွင်းဆိုရင် ပိုပြီးမာကျောကျစ်လျစ်ပါတယ်။ မာဆေးလ်ကတော့ ဥရောပဝင်ခွင့်တစ်နေရာအတွက် ကြိုးစားနေပေမဲ့ ရလဒ်ပိုင်းမတည်ငြိမ်မှုက စိတ်ပျက်စရာပါ။ အခုပွဲလည်း အိမ်ရှင်လိုင်လီကိုပဲ ရွေးထားလိုက်မယ်။
မောင့်ပယ်လီယာ - လော်ရီယန့် (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၃၀ နာရီ)
မောင့်ပယ်လီယာက ပုံစံကောင်းပြန်ပြလာနိုင်တယ်။ ဥရောပဝင်ခွင့်တစ်နေရာကိုပါ မျှော်လင့်ချက်ရှိနေလို့လည်း အခုလို အိမ်ကွင်းပွဲမှာ အမှားခံမယ်မထင်ဘူး။ အိမ်ကွင်းလည်းဖြစ်နေလို့ မောင့်ပယ်လီယာတို့ သေချာပေါက်နိုင်ပွဲယူလိမ့်မယ်။
နန့်စ် - Reims (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၃၀ နာရီ)
တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့ နန့်စ်တို့ တိုက်ပွဲဝင်နေတယ်။ အိမ်ကွင်းပွဲတွေမှာလည်း အမှတ်ယူဖို့ကြိုးစားပါလိမ့်မယ်။ Reimsက လက်ရှိမှာ ဖိအားကင်းနေတဲ့အသင်းပါ။ နန့်စ်တို့ အနိမ့်ဆုံး သရေကစားလိမ့်မယ်။
စထရာဘိုး - မိုနာကို (မြန်မာစံတော်ချိန် မတ်လ ၄ ရက် နံနက် ၂:၃၀ နာရီ)
ချန်ပီယံဆုမျှော်လင့်ချက်ရှိလာချိန်မှာ မိုနာကိုတို့ ပုံစံကောင်းကို အပျက်အယွင်းခံမှာမဟုတ်ပါဘူး။ စထရာဘိုးက တန်းဆင်းဇုန်အန္တရာယ်ရှိလို့ ရုန်းကန်ကစားလာနိုင်ပေမဲ့ မိုနာကိုရဲ့ ကွင်းမရွေးထက်မြက်တဲ့တိုက်စစ်အားကို ပွဲချိန်ပြည့်တောင့်ခံဖို့ ခက်ပါလိမ့်မယ်။ မိုနာကို အနိုင်ကစားလိမ့်မယ်။















