ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို မတ် ၁ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဝန်ကြီး ဦးဒါရှီလဆိုင်းကို ပုဒ်မ ၅၀၅ (ခ) ဖြင့် မြစ်ကြီးနားမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဝန်ကြီး ဦးဒါရှီလဆိုင်းက “ကျွန်တော် ထောင်ကြီးချုပ်မှာပေါ့။ ဘာပြစ်မှုလဲဆိုတော့ ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရမဖွဲ့ မပြီးမခြင်းပေါ့။ ရုံးပိတ်ရက်အဖြစ် ကြေညာတာကို ဝန်ကြီးချုပ်ကိုယ်စားလက်မှတ်ထိုး တဲ့ ကိစ္စနဲ့ပတ်သက်ပြီး သူတို့က တရားရုံးစွဲ တင်တာပေါ့။ ကျန်းမာရေးလည်း ကောင်းပါ တယ်။ နိုင်ငံသားအားလုံး နေကောင်းကျန်း မာပါစေလို့ပဲ ပြောချင်ပါတယ်” ဟု ပြော ကြားသည်။
ယခုရုံးထုတ်တွင် မှုခင်းစီမံခန့်ခွဲမှုပြု လုပ်ခဲ့ခြင်းဖြစ်ပြီး တရားလိုဘက်မှ ကျေးအေးလိုခြင်းမရှိသဖြင့်ရှေ့နေပါ၀ါတင်ကာ လာမည့် မတ် ၅ ရက် ရုံးချိန်းတွင် တရားစီ ရင်ရေးလုပ်ငန်းများကို တရားလို၊ စွပ်စွဲခံရ သူနှင့် တရားသူကြီးများ ညှိနှိုင်းကာ ဆက် လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေ့နေ ပါ၀ါလွှဲအပ်ခြင်းခံရသူ တရားလွှတ်တော် ရှေ့နေ ဦးသက်ထွန်းဦးက ပြောကြားသည်။
ဝန်ကြီးဦးဒါရှီလဆိုင်းကို ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ထိန်းသိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၉ ရက် ညပိုင်း တွင် ဝန်ကြီးချုပ်ကိုယ်စား ရွေးကောက်ခံ အစိုးရမတက်မခြင်း ရုံးပိတ်ရက်အဖြစ် ကြေညာကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ပြန်လည်ဖမ်းဆီးခံရခြင်းဖြစ်သည်။















