■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်​ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းအား ပြည်​ထောင်စုလွှတ်​တော်သို့တင်သွင်း

■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်​ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းအား ပြည်​ထောင်စုလွှတ်​တော်သို့တင်သွင်း
Published 7 April 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်​ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းတင်သွင်းမှုကို ယ​နေ့ (ဧပြီ ၇ ရက်) တွင် ကျင်းပသည့် ပြည်​ထောင်စုလွှတ်​တော်တွင် ပြုလုပ်ခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုသည့် ဒေါက်တာခင်နိုင်ဦး၊ ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါက်တာစန္ဒာဦး၊ ဒေါက်တာရီရီအေး၊ ဦးတင်မြင့်၊ ဒေါက်တာလှညွန့်၊ ဒေါက်တာဇော်ဦး၊ ဒေါက်တာဖြူဖြူအိတို့၏ အမည်စာရင်းများကို ပြည်​ထောင်စုလွှတ်​တော်နာယကက လွှတ်တော်သို့ တင်ပြခဲ့သည်။

အဆိုပါကိုးဦးအနက် ​ဒေါက်တာခင်နိုင်ဦးအား ဥက္ကဋ္ဌအဖြစ်လည်း​ကောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်၊ ဒေါက်တာစန္ဒာဦးတို့ကို တာဝန်​ပေးအပ်မည်ဖြစ်​ကြောင်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထား​ကြောင်းသိရသည်။

ထိုသို့ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များအား ကန့်ကွက်လိုသူရှိက ​ဆွေးနွေးခြင်းနှင့် ကန့်ကွက်သူမရှိပါက ခန့်အပ်ရန်သ​ဘောတူ​ကြောင်း ​ကြေညာခြင်းတို့ကို ဧပြီ ၉ ရက်ပြည်​ထောင်စုလွှတ်​တော်အစည်းအ​ဝေးတွင် ပြုလုပ်မည်ဖြစ်သည်။

လက်ရှိတွင်  ဒေါက်တာခင်နိုင်ဦးသည် ပြည်​ထောင်စုစာရင်းစစ်ချုပ်တာဝန် ထမ်း​ဆောင်​နေသူဖြစ်သည်။

Most Read

Most Recent