မိုချန်ဂလာဘတ် - မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၂း၃၀ နာရီ)
မိုချန်ဂလာဘတ်က အသင်းသမိုင်းမှာ ရှုံးထွက်အဆင့်ကို ပထမဆုံးရောက်လာတာပါ။ အင်တာမီလန်၊ ရှက်တာဒိုးနက်တို့ကိုကျော်ပြီး တက်လာတာဖြစ်လို့ လျှော့တွက်လို့ မရဘူး။ ဒါပေမဲ့ မန်စီးတီးရဲ့လက်ရှိခြေစွမ်းကို တုံ့ပြန်ဖို့အတွက်ကတော့ အခက်အခဲတွေရှိပါတယ်။ အရင်က တွေ့ခဲ့ဖူးတဲ့မှတ်တမ်းတွေအရလည်း အစဉ်အလာပိုင်းက ကွာခြားမှုတွေ ရှိတယ်။ မန်စီးတီးကို ကြိုက်တယ်။
အတ္တလန်တာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၂း၃၀ နာရီ)
အတ္တလန်တာက ဥရောပအဆင့်မှာ အတွေ့အကြုံနုတဲ့အသင်းပါ။ ဒါပေမဲ့ ဘယ်လောက်အထိ လုပ်ပြနိုင်သလဲဆိုတာကို ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ မြင်ခဲ့ရပြီးပြီ။ ဒီရာသီမှာလည်း ပုံစံကောင်းပြသနိုင်ခဲ့တယ်။ ရီးယဲလ်မက်ဒရစ်ကို တစ်ဦးချင်း အရည်အသွေးအရ မယှဉ်နို်င်ရင်တောင် အသင်းလိုက်ကစားဟန်အပိုင်းမှာ ကောင်းကောင်းယှဉ်နိုင်ပြီး ဒုက္ခပေးနိုင်ပါတယ်။ အတ္တလန်တာကို ကြိုက်တယ်။















