စီးရီးအေချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမည်ဟု အင်တာမီလန်အသင်းကို ဂျူဗင်တပ်စ်နည်းပြ ပီယာလို သတိပေး

စီးရီးအေချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမည်ဟု အင်တာမီလန်အသင်းကို ဂျူဗင်တပ်စ်နည်းပြ ပီယာလို သတိပေး
Photo: Getty Images
Photo: Getty Images
Published 24 February 2021

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက မိမိတို့အနေဖြင့် စီးရီးအေချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အင်တာမီလန်အသင်းကို သတိပေးပြောကြားခဲ့သည်။

စီးရီးအေပွဲစဉ် (၂၃)အပြီးတွင် ပွဲကျန်တစ်ပွဲ ကစားရန် ကျန်ရှိနေသေးသည့် ဂျူဗင်တပ်စ်အသင်းသည် ရမှတ် (၄၅)မှတ်ဖြင့် အဆင့် (၃)နေရာသို့ တက်လှမ်းလာခဲ့ပြီး အဆင့် (၁)နေရာမှ အင်တာမီလန်အသင်း(၅၃ မှတ်)နှင့် (၈)မှတ် ကွာဟနေသည်။

သို့သော် ပီယာလိုက မိမိတို့အနေဖြင့် စီးရီးအေချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ပီယာလိုက "အင်တာမီလန်အသင်းရဲ့ နောက်မှ ရပ်တည်နေတဲ့အသင်းတွေဟာ ရန်သူတွေဖြစ်ပြီး အားလုံးက နံပါတ် (၁)ကို ရဖို့ ကြိုးစားနေသူတွေချည်းပါပဲ။ အဲဒီထဲမှာ ကျွန်တော်တို့အသင်းလည်း ပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စီးရီးအေချန်ပီယံဆုအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ဖေဖော်ဝါရီ (၂၈)ရက်တွင် စီးရီးအေပွဲစဉ်အဖြစ် ဗီရိုနာအသင်းကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်ပြီး အင်တာမီလန်အသင်းမှာမူ ဂျီနိုအာအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။

Most Read

Most Recent