အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာကို မန်ယူအသင်း ခေါ်ယူနိုင်ရန် နီးစပ်

အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာကို မန်ယူအသင်း ခေါ်ယူနိုင်ရန် နီးစပ်
Photo : Getty Image
Photo : Getty Image
Published 23 February 2021

မန်ယူအသင်းသည် အေစီမီလန်အသင်းမှ အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာကို လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

ဒွန်နာရမ်မာသည် ဖေဖော်ဝါရီ(၂၅)ရက်မှ အသက်(၂၂)နှစ်ပြည့်မည်ဖြစ်သော်လည်း အေစီမီလန်အသင်း၏ ပထမဂိုးသမားအဖြစ် ရပ်တည်နေသလို၊ အီတလီလက်ရွေးစင်အသင်း၏ အဓိကဂိုးသမားအဖြစ်လည်း ရပ်တည်နေသည်။

ထို့ပြင် ယခုရာသီအကုန်တွင် အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သောကြောင့် ထိပ်သီးအသင်းများစွာက အခြေအနေကို စောင့်ကြည့်နေချိန်၌ မန်ယူအသင်းက ယင်းကစားသမားနှင့် ကနဦးသဘောတူညီချက် ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း အီတလီမီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းသည် လာမည့်နွေရာသီတွင် လက်ရှိဂိုးသမားနှစ်ဦးဖြစ်သည့် ဒီဟေးသားနှင့် ဟန်ဒါဆန်တို့ထဲမှ တစ်ဦးကို ရောင်းထုတ်ခြင်း သို့မဟုတ် အငှားချခြင်းပြုလုပ်ကာ ဒွန်နာရမ်မာကို ခေါ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent