မောင်ကျန်တစ်တို့

မောင်ကျန်တစ်တို့
Photo: rollingstone
Photo: rollingstone
Published 22 February 2021
မိုးသောက်ထွန်း

“မချဉ်ဘူးလား အမောင်”လို့ မေးတော့ ကျန်စစ်သားက “အတော်ချိုတဲ့ အသီးတွေပါ”လို့ပြန်ဖြေတယ်။ ဖခင်လုပ်သူက မယုံတာနဲ့ သံပုရာသီးတစ်စိတ်ကို အသာယူပြီး တို့ကြည့်တယ်။ သံပုရားသီးဟာ အတော်လေးချိုနေတာကို တွေ့ရတော့ “မောင်ကျန်ရေ တစ်တို့လောက် ပေးဦးကွာ”ဆိုပြီး အခါခါ  တောင်းတော့တာပဲတဲ့။ ဒါက ဒေါ်ဖွားထွေး ပြောပြတဲ့ မောင်ကျန်တစ်တို့အကြောင်း။ အဲဒီအကြောင်း သားကို ပြောပြတော့ သားက သဘောတွေကျလို့ ...

 

 “ဖေဖေ... စားဦးမလား”

“သားပဲ စားပါကွာ... ဖေဖေက အဲဒါ တွေ မကြိုက်ပါဘူး”

“အမယ်... ဖေဖေ စားမကြည့်ရသေး လို့... စားကြည့်ပြီးရင် မောင်ကျန်တစ်တို့ ဖြစ်သွားမယ်”

သားတော်မောင်က သူ ဝယ်လာတဲ့မုန့် ကို ကျွန်တော့်ကို ကျွေးရာကနေ အထက်ပါ စကားတွေ ပြောဖြစ်ခဲ့ခြင်းပါ။ သား ပြန်ပြော တဲ့ စကားထဲမှာ မောင်ကျန်တစ်တို့ဆိုတဲ့ စကားစုလေးပါလာတော့ ကျွန်တော် စိတ်ဝင် စားသွားမိတယ်။ ဒီစကားကို ဘယ်နေရာက နေ ကြားပြီး သိနေပါလိမ့်လို့လည်း တွေးလိုက် မိတယ်။ သားအသက်က ရှစ်နှစ်အရွယ်ပါ။ ဒါနဲ့ “နေစမ်းပါဦး သားရ... မောင်ကျန် တစ်တို့ဆိုတာကို ဘယ်ကနေ တတ်လာတာ တုန်း”လို့ မေးလိုက်တော့ ကျွန်တော်တို့အိမ် နှစ်အိမ်ကျော်က သားတော်မောင် သွားသွား ကစားနေတဲ့အိမ်က ဦးလေးကြီး ပြောတာကို ကြားပြီး မှတ်ထားတာလို့ ပြန်ဖြေတယ်။

မောင်ကျန်တစ်တို့နဲ့ပတ်သက်ပြီး ကျွန်တော်ငယ်ငယ်က မှတ်မှတ်ရရ ရှိခဲ့ဖူးတယ်။ မောင်ကျန်တစ်တို့ ဖြစ်ပေါ်လာတဲ့ ပုံပြင်လိုလို၊ ဒဏ္ဍာရီလိုလိုကိုလည်း နားထောင်ခဲ့ရဖူးတယ်။ ကျွန်တော့်အသက် ၁၀ နှစ်ကျော်ကျော် လောက်ကပါ။ ကျွန်တော်တို့ရွာမှာ ဒေါ်ဖွား ထွေးဆိုတဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ်။ ဒေါ်ဖွားထွေးရဲ့အိမ်က ကျွန်တော်တို့အိမ်နဲ့ သိပ်မဝေးဘူး။ ဒေါ်ဖွားထွေးအိမ်ကို တစ်ပတ် တစ်ခါ ပုံမှန်ရောက်ဖြစ်ခဲ့တယ်။ ဒေါ်ဖွားထွေး ကိုယ်တိုင်လုပ်တဲ့ မုန့်အမျိုးမျိုးကို ၀ိုင်းကူ လုပ်ပေးဖို့ ရောက်ရခြင်းပါ။ တစ်ပတ်တစ်ခါ ဒေါ်ဖွားထွေးအိမ် သွားဖို့လည်း ကျွန်တော်တို့ မေ့မနေခဲ့ကြဘူး။ မုန့်အမျိုးမျိုးရဲ့ အရသာ တွေက ဆွဲဆောင်ထားကြတာကိုးလို့။

ဒေါ်ဖွားထွေးအိမ်မှာ တစ်ပတ်တစ်ခါ ပုံမှန်မုန့်လုပ်တယ်ဆိုတာက တခြားတော့ မဟုတ်ဘူး။ ဥပုသ်နေ့တိုင်း ကျောင်းမှာ ဥပုသ် သီတင်း ဆောက်တည်ကြသူတွေကို ဒါနပြုဖို့ ပါ။ ဒေါ်ဖွားထွေးရဲ့ မုန့်လက်ရာက အတော် လေးကောင်းတယ်။ တစ်ခါစားမိတာနဲ့ စွဲ သွားနိုင်တာမျိုး။ ဒေါ်ဖွားထွေးတို့မှာ သား သမီးမရှိဘူး။ ရွာထဲက ကလေးတွေကိုပဲ သူ တို့ရဲ့ သားသမီးလို သဘောထားကြတာ။ မုန့် လုပ်ကူဖို့ ကျွန်တော်တို့ သွားပြီဆိုရင် လုပ် တဲ့မုန့်တင်မကဘူး ထမင်း၊ ဟင်းတွေပါ ချ ကျွေးတတ်တယ်။ ဒေါ်ဖွားထွေး သဘော ကောင်းသလို သူ့ရဲ့ယောက်ျားကလည်း သဘောကောင်းတယ်။

ဒေါ်ဖွားထွေးရဲ့အိမ်ကို မုန့်လုပ်ကူဖို့သွားတိုင်း ကျွန်တော့်သူငယ်ချင်းတွေကို ခေါ် ဖြစ်တယ်။ တချို့လည်း အပတ်တိုင်း လိုက်ကြ သလို တချို့ကလည်း တစ်ခါတလေမှ လိုက် ကြတယ်။ တစ်ခါသားတော့ ကိုဖိုးဇော်ဆိုတဲ့ ကျွန်တော်တို့ထက် အရွယ်နည်းနည်းကြီးတဲ့ အစ်ကိုကြီးတစ်ယောက် ကျွန်တော်တို့အဖွဲ့နဲ့ လိုက်လာတယ်။ ဒေါ်ဖွားထွေးအိမ် ရောက်လို့ မုန့်လုပ်ကူပြီးတဲ့အခါ လှူဖို့မုန့်တွေကိုဖယ်ပြီး ကျွန်တော်တို့အဖွဲ့ကို ချကျွေးတယ်။ အဲဒီမှာ ကိုဖိုးဇော်က တော်တော်နဲ့ မုန့်ပန်းကန်ကို မနှိုက်ဘူး။ သူက လူပျိုပေါက်အရွယ်ဆိုတော့ နည်းနည်းရှက်နေတယ်။ ဒေါ်ဖွားထွေးက အတင်းကျွေးတော့ “ဒီမုန့်တွေကို သားက သိပ်မကြိုက်လို့ပါ”လို့ဆိုတယ်။ အဲဒီနေ့က လုပ်တဲ့မုန့်က ကောက်ညှင်းရွှေကြည်။

နောက်တော့ ဒေါ်ဖွားထွေးက ကျွေး လွန်းမက ကျွေးတော့မှ မစားချင့်စားချင်နဲ့ ယူစားတယ်။ စပြီး စားတဲ့ တစ်လုတ်နှစ်လုတ် မှာ အင်တင်တင်လုပ်နေပေမဲ့ နောက်ပိုင်း တော့ မုန့်ပန်းကန်ထဲမှာ ကိုဖိုးဇော်လက်ချည်း ပါပဲ။ အဲဒါကို တွေ့တော့ ဒေါ်ဖွားထွေးက     “ဖိုးဇော်တို့ကတော့ မောင်ကျန်တစ်တို့ ဖြစ်နေ ပြီဟေ့”လို့ပြောတယ်။ အဲဒီမှာ ကျွန်တော်တို့ က မောင်ကျန်တစ်တို့အကြောင်းကို ၀ိုင်းမေး ကြလို့ ဒေါ်ဖွားထွေးက ပြောပြတယ်။ ဒေါ်ဖွား ထွေး ပြောပြတဲ့ မောင်ကျန်တစ်တို့က ဒီလို။

သူရဲကောင်း ကျန်စစ်သားဟာ အနော် ရထာမင်းကြီးရဲ့ အမျက်တော်ရှခြင်းခံရတာ မို့ နန်းတော်ကနေ ထွက်ပြေးတိမ်းရှောင်ရ တယ်။ သူနဲ့အတူ အရိန္ဒမာလှံလည်း ပါတယ်။ ကျန်စစ်သားဟာ ပြေးရင်းလွှားရင်းနဲ့ ရှင်မထီး အရပ်ကို ရောက်သွားတယ်။ အဲဒီမှာ ဗိုက်ဆာ တာနဲ့ ခြံတစ်ခြံထဲကို လှံထောက်ပြီး ခုန်ဝင် သွားတယ်။ ခြံထဲကို ရောက်တော့ ခြံပိုင်ရှင် သားအဖနှစ်ယောက်နဲ့ သွားတွေ့တယ်။ ကျန် စစ်သားက စားစရာတစ်ခုခု တောင်းဆိုတော့ မိန်းမပျိုက ပေးချင်ပေမဲ့ ဖခင်လုပ်သူက သူစိမ်းတရံမို့ သိပ်မပေးချင်ဘူး။ ဒါနဲ့ အလွန် ချဉ်တဲ့ သံပုရာသီးတွေကို ခူးစားဖို့ပေးတယ်။ ကျန်စစ်သားက သံပုရာသီးတွေကို အရိန္ဒမာ လှံနဲ့ ထိုးခူးပြီး စားတယ်။ အလွန်ချဉ်တဲ့ သံ ပုရာသီးတွေကို မြိန်ရည်ရှက်ရည်စားနေတဲ့ ကျန်စစ်သားကိုကြည့်ပြီး ဖခင်လုပ်သူ အံ့့သြ သွားတယ်။

“မချဉ်ဘူးလား အမောင်”လို့ မေးတော့ ကျန်စစ်သားက “အတော်ချိုတဲ့ အသီးတွေ ပါ”လို့ပြန်ဖြေတယ်။ ဖခင်လုပ်သူက မယုံတာ နဲ့ သံပုရာသီးတစ်စိတ်ကို အသာယူပြီး တို့ ကြည့်တယ်။ သံပုရားသီးဟာ အတော်လေးချို နေတာကို တွေ့ရတော့ “မောင်ကျန်ရေ တစ် တို့လောက်ပေးဦးကွာ”ဆိုပြီး အခါခါ တောင်း တော့တာပဲတဲ့။ ဒါက ဒေါ်ဖွားထွေး ပြောပြတဲ့ မောင်ကျန်တစ်တို့အကြောင်း။ အဲဒီအ ကြောင်း သားကိုပြောပြတော့ သားကသဘော တွေကျလို့။ ပြီးတော့ ပြောသေးတယ်။ “တစ် ခါစားပြီးလို့ နောက်ထပ်ခဏခဏ ထပ်စားချင် သွားရင် အဲဒါ မောင်ကျန်တစ်တို့ ဖြစ်သွား တာပေါ့နော်”တဲ့။ မောင်ကျန်တစ်တို့နဲ့ ပတ် သက်ပြီး ကျွန်တော် တက္ကသိုလ်ကျောင်းသား ဘဝရောက်တော့ တစ်ခါ ထပ်ကြုံရသေး တယ်။

တက္ကသိုလ်တက်တဲ့ ကျွန်တော်တို့ သူ ငယ်ချင်းအုပ်စုထဲမှာ အသက်နည်းနည်းကြီး တဲ့ အစ်ကိုကြီးတစ်ယောက် ပါတယ်။ သူက ပိုက်ဆံကို အတော်လေး ဖောဖောသီသီ သုံး နိုင်တယ်။ ကျွန်တော်တို့  ဆိုင်ထိုင်တဲ့အခါတိုင်း သူ ရှင်းတာကများတယ်။ တစ်နေ့တော့ အဲဒီ လို ပိုက်ဆံဖောဖောသီသီ သူ သုံးနိုင်တဲ့အ ကြောင်းကို ဖွင့်ပြောလာတယ်။ အဲဒါကတော့ သူဟာ တရားမဝင် မူးယစ်ဆေးဝါးဖြန့်ပေး နေတာပဲ။ ဆေးခြောက်လို အရာမျိုးတွေပေါ့။ ကျွန်တော်တို့ကိုလည်း ဆေးခြောက်စမ်းချ ကြည့်မလားလို့ မေးတယ်။ လူငယ်ပီပီ စူးစမ်း ချင်တဲ့ ကျွန်တော်တို့ကလည်း မငြင်းကြဘူး။ ဒါနဲ့ပဲ အဲဒီအစ်ကိုကြီးရဲ့ကောင်းမှုနဲ့ ဆေး ခြောက်ကို စမ်းသပ်ခွင့်ရခဲ့ကြတယ်။

ကျွန်တော်တို့ စပြီး မစမ်းသပ်ခင် အဲဒီ အစ်ကိုကြီးက ကတိတစ်ခု တောင်းတယ်။ ဘာလဲဆိုတော့ “မင်းတို့ကို စမ်းကြည့်ဖို့ ဆေးခြောက် ငါ ပေးမယ်၊ အဲဒီအတွက် ပိုက်ဆံပေး စရာလည်း မလိုဘူး။ အေး ဒါပေမဲ့ နောက် ထပ် ဆေးခြောက်လိုချင်ပါတယ်လို့ ငါ့ဆီကို မတောင်းဆိုရဘူး၊ ပိုက်ဆံနဲ့လည်း ဝယ်ဖို့ မတောင်းဆိုပါဘူးလို့ ကတိပေးရမယ်”တဲ့။ ကျွန်တော်တို့ ကတိပေးလိုက်မှ စမ်းသပ်ဖို့ ဆေးခြောက်ထုပ် ပေးတယ်။ မကောင်းတဲ့ အရာလို့ သိထားပေမဲ့ တကယ်တမ်း ကိုယ် တွေ့သုံးကြည့်လိုက်တဲ့အခါ ဆေးခြောက်ရဲ့ ဆွဲဆောင်မှုက အတော်လေး အံ့သြစရာ ကောင်းတယ်။ ဆေးခြောက်ရဲ့ ဆွဲဆောင်မှု ခံလိုက်ရတဲ့ ကျွန်တော်တို့ဟာ ပေးထားတဲ့ ကတိကိုဖျက်ပြီး အဲဒီအစ်ကိုကြီးဆီမှာ ဆေး ခြောက်ဝယ်ကြတယ်။ ဒါပေမဲ့ အဲဒီအစ်ကိုကြီး က မရောင်းခဲ့ဘူး။

“အခြေအနေအရ ငွေရလွယ်လို့ ငါ လုပ်နေရပေမဲ့ ငါ့သူငယ်ချင်းအရင်းကြီးတွေကို တော့ ဆေးအစွဲမခံနိုင်ဘူး။ မင်းတို့ကို မောင်ကျန်တစ်တို့ ဖြစ်မယ်ဆိုတာသိလို့ ကတိကြိုတောင်းထားခဲ့တာ။ ငါ့ဆီကမှ မဟုတ်ဘူး၊ တခြားကနေလည်း မင်းတို့ ဝယ်မသုံးကြဖို့ ငါတားဆီးမှာပဲ”တဲ့။ အဲဒီအစ်ကိုကြီးသာ သူ ငွေရဖို့တစ်ခုတည်း ကြည့်ခဲ့ရင် ကျွန်တော်တို့အားလုံး ဆေးသမားလေးတွေ ဖြစ်ခဲ့ကြမှာ အမှန်ပါပဲ။

ရသာတဏှာရဲ့ စွဲလမ်းမှုဟာ အတော်လေး ကြောက်ဖို့ ကောင်းပါတယ်။ တစ်တို့တစ်ဖဲ့ စမ်းသပ်စားသုံးကြည့်ရာကနေ တစ်စုံတစ်ခု ကို နှစ်ခြိုက်စွဲလမ်းသွားပြီဆိုရင် ဖြတ်ရအ တော်ခက်ပါတယ်။ ကောင်းမွန်တဲ့ စားသင့် စားအပ်တဲ့ အစားအသောက်တွေကို စွဲလမ်းသွားတာ ပြဿနာမရှိပေမဲ့ မူးယစ်ဆေးဝါး လိုမျိုး အန္တရာယ်ရှိတဲ့အရာတွေကို မောင်ကျန် တစ်တို့ ဖြစ်သွားရင်တော့ ဘဝပါ ဆုံးသွား နိုင်ပါတယ်။ တချို့ကတော့ အဲဒီရသာတဏှာ အာရုံကို မဖြတ်နိုင်လို့ မလုပ်သင့် မလုပ်အပ် တာတွေ လုပ်ကြပါတယ်။ တစ်စုံတစ်ခုကို မောင်ကျန်တစ်တို့ စားရာကနေ စွဲလမ်းသွားပြီ ဆိုရင် နောက်ထပ်စားခွင့်ရဖို့ နည်းမျိုးစုံ ကြိုး ပမ်းတတ်ကြပါတယ်။

အစားအသောက်တွေမှရယ် မဟုတ်ပါဘူး။ အသုံးအဆောင်ပစ္စည်းပဲဖြစ်ဖြစ်၊ ငွေ ကြေးဥစ္စာပဲဖြစ်ဖြစ် တစ်ခါ သုံးဖူး၊ ပိုင်ဆိုင် ဖူးတာနဲ့ မောင်ကျန်တစ်တို့ဖြစ်ပြီး နောက်ထပ် လိုချင်တဲ့ အလိုလောဘတွေ ကြီးမားလာတတ် ကြတာပါပဲ။ ဘယ်သူသေသေ ငတေမာရင်ပြီး ရောဆိုတဲ့ စိတ်ထားတွေနဲ့ ကြိုးပမ်းတတ်ကြ ပါတယ်။ တကယ်တော့ မောင်ကျန်တစ်တို့ ဟာ စိတ်မခိုင်သူ၊ အလိုရမက်ကြီးသူတွေအ တွက်တော့ အမှောင်လမ်းကို တွန်းပို့ပေးတဲ့ လမ်းဦး၊ လမ်းစတစ်ခုပါပဲ။

Most Read

Most Recent