အာဆင်နယ်နှင့် စပါးအသင်းတို့၏ ယူရိုပါလိဂ်ပွဲစဉ်များကို ဂရိနှင့်ဟန်ဂေရီ၌ ပြောင်းလဲကစားရန် UEFA ဆုံးဖြတ်

အာဆင်နယ်နှင့် စပါးအသင်းတို့၏ ယူရိုပါလိဂ်ပွဲစဉ်များကို ဂရိနှင့်ဟန်ဂေရီ၌ ပြောင်းလဲကစားရန် UEFA ဆုံးဖြတ်
Photos : Getty Images
Photos : Getty Images
Published 14 February 2021

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ယူရိုပါလိဂ် ၃၂ သင်းအဆင့် ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ် နှင့် စပါးအသင်းတို့၏ပွဲစဉ်များကို ဂရိနှင့် ဟန်ဂေရီနိုင်ငံ၌ ပြောင်းလဲကစားစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရ သည်။

အာဆင်နယ်နှင့် ဘင်ဖီကာအသင်းတို့ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကစားရမည့် ပထမ အကျော့ပွဲစဉ်ကို လစ္စဘွန်းအစား အီတလီ နိုင်ငံ ရောမမြို့ရှိ Stadio Olimpico ကွင်း၌ ပြောင်းလဲကစားရန် ဆုံးဖြတ်ထားပြီးဖြစ်သလို ဖေဖော်ဝါရီ ၂၅ ရက်တွင် ကစားရမည့် ဒုတိယအကျော့ပွဲကိုပါ အပြောင်းအလဲထပ်မံ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

UEFA ၏ ထုတ်ပြန်ချက်အရ ဒုတိယအကျော့ပွဲစဉ်ကို လန်ဒန်မြို့အစား ဂရိနိုင်ငံ အေသင်မြို့ရှိ Georgios Karaiskakis ကွင်း၌ ပြောင်းလဲကစားရမည် ဖြစ်ပြီး ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းမှာ ဗြိတိန် အစိုးရက ပေါ်တူဂီမှ လာရောက်သူများအား ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်တားမြစ်ချက်များ ချမှတ်ထားသောကြောင့်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သြစတြီးယားကလပ် ဝုလ်ဖ် ဘာဂါအသင်းနှင့် စပါးအသင်းတို့ ဖေဖော် ၀ါရီ ၁၈ ရက်တွင် ကစားမည့် ပထမအကျော့ ပွဲစဉ်ကို ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့ရှိ Puskas Arena ကွင်း၌ ပြောင်းလဲကစားရမည် ဖြစ်ကြောင်း သိရသည်။

Puskas Arena ကွင်းမှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ဖြစ်သည့် လိုက်ပ်ဇစ်-လီဗာပူးလ်၊ မိုချန်ဂလာဘတ်- မန်စီးတီးပွဲကိုလည်း ကျင်းပခွင့်ရထားသည်။

Most Read

Most Recent