စီရော်နယ်လ်ဒိုရဲ့ မွန်မြတ်တဲ့နှလုံးသား (life)

စီရော်နယ်လ်ဒိုရဲ့ မွန်မြတ်တဲ့နှလုံးသား (life)
Photos: The Sun. Twitter
Photos: The Sun. Twitter
Published 14 February 2021
AK

လစ္စဘွန်းမြို့က ဆန်တာ မာရီယာဆေးရုံအုပ် ဒန်နီရယ်လ်ဖာရိုုးက ''ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ အတွက် အထူးကြပ်မတ်ကုသဆောင်မှာ လိုအပ်တာတွေအားလုံး စီရော် နယ်လ်ဒို လှူဒါန်းခဲ့ပါတယ်။ ဂျော့ချ်မန်ဒက်စ်ကတစ်ဆင့် စီရော်နယ်လ်ဒို လှူဒါန်းခဲ့တာပါ'' လို့ ဝမ်းသာအားရ ပြောခဲ့ဖူးပါတယ်။ စီရော်နယ်လ်ဒိုက သူ ကိုယ်တိုင် အလှူအတန်းရက်ရောသလို၊ သူနဲ့နီးစပ်သူတွေကိုလည်း အလှူအ တန်းလုပ်ပါဆိုပြီး တိုက်တွန်းတတ်သေးတယ်။ ပေါ်တူဂီအသင်း ယူရို-၂၀၂၀ ခြေစစ်ပွဲအောင်မြင်ပြီးနောက် ရရှိလာတဲ့  ဆုကြေးတွေကို လှူဒါန်းရအောင်ဆို ပြီး စီရော်နယ်လ်ဒို တိုက်တွန်းခဲ့တာပါပဲ။ ဒီအ ကြောင်းကို ဘာနာဒိုဆေးလ်ဗားက ''ကိုရိုနာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကျွန်တော် တို့ဆုကြေးတွေ လှူရအောင်လို့ စီရော်နယ်လ်ဒို ပြောလာပါတယ်။ ကျွန်တော် တို့ ပေါ်တူဂီအသင်းသားတွေအားလုံး ဆုကြေးရဲ့တစ်ဝက်ကို လှူဒါန်းခဲ့ကြပါ တယ်'' လို့ ပြန်ပြောပြတယ်။

 

Most Read

Most Recent