နိုင်ငံတကာပွဲများအတွက် ကစားသမားစေလွှတ်ပေးရသည့်စည်းမျဉ်းကို FIFA က ဖြေလျှော့လိုက်သဖြင့် မတ်လကစားမည့်ပွဲကို အများစုလွဲချော်ဖွယ်ရှိ

နိုင်ငံတကာပွဲများအတွက် ကစားသမားစေလွှတ်ပေးရသည့်စည်းမျဉ်းကို FIFA က ဖြေလျှော့လိုက်သဖြင့် မတ်လကစားမည့်ပွဲကို အများစုလွဲချော်ဖွယ်ရှိ
Photo: AFP
Photo: AFP
Published 7 February 2021

 

နိုင်ငံတကာပွဲများအတွက် ကစားသမားစေလွှတ်ပေးရသည့် စည်းမျဉ်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (FIFA) က ဖြေလျှော့ပေးလိုက်သဖြင့် မတ်လတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲကို နာမည်ကြီးကစားသမားအများစု လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။

FIFA  ၏ စည်းမျဉ်းအရ ကလပ်အသင်းများအနေဖြင့် နိုင်ငံတကာပွဲ ကစားရမည့်သူများကို မဖြစ်မနေ စေလွှတ်ပေးရလေ့ရှိသည်။ သို့သော် COVID-19 ကပ်ရောဂါကာလအတွင်း ယင်းစည်းမျဉ်းအတွက် ဖြေ လျှော့မှုကို FIFA  က ဧပြီလကုန်အထိ သက်တမ်းတိုးပေးမည်ဖြစ် ကြောင်း အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ ပရီးမီးယားလိဂ်ကလပ်များတွင် ကစားနေသည့် တောင်အမေရိက နှင့် ပေါ်တူဂီလက်ရွေးစင်ကစား သမားများမှာ မတ်လအတွင်းကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။ ဗြိတိန်အစိုးရက ပေါ်တူဂီ၊ တောင်အမေရိကနိုင်ငံအားလုံးနှင့် အာဖရိကတောင်ပိုင်းအပါအဝင် "အနီရောင်စာရင်း" တွင်ပါဝင်သည့် နိုင်ငံများမှ ပြန်လာသူများအား Quarantine ၁၀ ရက်နေထိုင်ရန် ညွှန်ကြားထားပြီး အားကစားသမားများလည်း ကင်းလွတ်ခွင့်မရှိကြောင်း သိရသည်။

ထို့ကြောင့် ပေါ်တူဂီလက်ရွေးစင်ကစားသမားများဖြစ်သည့် မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား၊ နောက်ခံလူ ရူဘင်ဒီယက်စ်၊ ကန်ဆယ်လို၊ မန်ယူအသင်း  ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၊ ဘရာဇီးလ်လက်ရွေးစင် ကစား သမားများဖြစ်သည့် လီဗာပူးလ် အသင်းဂိုးသမား အယ်လစ်ဆန်၊ ကွင်းလယ်လူ ဖာဘင်ညို၊ တိုက်စစ် ကစားသမား ဖေမီနို၊ မန်စီးတီး အသင်းဂိုးသမား အီဒါဆန်၊ တိုက်စစ်မှူး ဂါဘရီယဲလ်ဂျေးဆူး၊ ချယ်လ်ဆီးအသင်းနောက်ခံလူ သီယာဂို ဆေးလ်ဗား၊ အဲဗာတန်အသင်း တိုက်စစ်ကစားသမား ရစ်ချာလီဆန်၊ မန်ယူအသင်း၏ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ၊ အဲဗာတန်အသင်း၏ ကိုလံဘီယာကွင်းလယ်လူ ဟာမီးစ် ရိုဒရီဂွက်ဇ်နှင့် နောက်ခံလူ မီနာ စသည့်ကစားသမားများမှာ မတ်လအတွင်းကစားမည့် ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲများကို လွဲချော်ဖွယ် ရှိနေခြင်းဖြစ်သည်။ "နိုင်ငံလက်ရွေး စင်အသင်းအတွက် ကစားသမား စေလွှတ်ပေးမှုစည်းမျဉ်းကို ပြောင်း  လွယ်ပြင်လွယ်ဖြစ်အောင်လုပ်ဖို့ FIFA  ကောင်စီက ဆုံးဖြတ်လိုက်ပါ ပြီ" ဟု FIFA  ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

FIFA  သည် ကပ်ရောဂါဖြစ် ပွားနေသည့်ကာလတွင် ဖြေလျှော့မှု များ ပြုလုပ်ပေးထားပြီး လူစားလဲမှုကိုလည်း သုံးဦးအစား ငါးဦးသို့ တိုး မြှင့်ခွင့်ပြုထားသည်။ ထို့ပြင် COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ပြိုင်ပွဲကျင်းပသည့်ကာလကိုလည်း သက်ဆိုင်ရာ နိုင်ငံဘောလုံးအဖွဲ့ချုပ် များနှင့် ညှိနှိုင်းဆောင်ရွက်ခွင့်ပြုထားသည်။ ပြီးခဲ့သည့်နှစ်က ဥရောပ ရှိ ထိပ်သီးလိဂ်ပြိုင်ပွဲအများစု ရာသီ ပြီးဆုံးအောင် ကျင်းပနိုင်ခဲ့သော်လည်း မတ်လမှ မေလအထိ သုံးလ ဝန်းကျင် ရပ်နားခဲ့ရသောကြောင့် ရာသီပြီးဆုံးချိန်မှာ ပုံမှန်မဟုတ်ဘဲ နောက်ကျခဲ့ရသည်။ 

ထို့ကြောင့် ၂၀၂၀-၂၀၂၁ ရာသီသစ်ကို ပုံမှန် ကျင်းပနေကျ သြဂုတ်အစား စက်တင်ဘာ၊ အောက်တိုဘာသို့ ရွှေ့ဆိုင်း ခဲ့ရသော်လည်း နွေရာသီတွင် အိုလံပစ်ပြိုင်ပွဲ၊ ယူရိုပြိုင်ပွဲနှင့် ကိုပါအမေရိကဖလားပြိုင်ပွဲများ ကျင်းပမည် ဖြစ်သောကြောင့် ရာသီပြီးဆုံးချိန်ကို နောက်ကျ၍မရဘဲ ပွဲစဉ်များ ဆက်တိုက်ကစားနေရသည်။ သို့ဖြစ်ရာ ကစားသမား ဒဏ်ရာရရှိမှုအခြေ အနေမှာလည်း ယခင်ရာသီများ ထက် ပိုမိုရင်ဆိုင်နေရသည်။