ဂွန်ဒိုဂန်ဖြည့်ပေးနေတဲ့ ကွက်လပ်

ဂွန်ဒိုဂန်ဖြည့်ပေးနေတဲ့ ကွက်လပ်
Photos: AFP.Opta
Photos: AFP.Opta
Published 3 February 2021
Zwe Khit

''တစ်စုံတစ်ယောက်က ကျွန်တော့်ကို ပြော ဖူးပါတယ်။ ကျွန်တော်က တောက်ပချင်မှ တောက် ပနိုင်မယ်။ ဒါပေမဲ့ တခြားသူတွေ တောက်ပနေ အောင် ကျွန်တော် လုပ်ပေးနိုင်တယ်လို့ပါ။ ကျွန် တော် ကိုယ့်ကိုယ်ကို မြင်တာလည်း အဲဒီအ တိုင်းပါပဲ''လို့ မကြာသေးခင်က ဂွန်ဒိုဂန် ပြောခဲ့ ပါတယ်။ သူ့ကို ဒီစကားပြောခဲ့တာက မန်စီးတီး လက်ထောက်နည်းပြဟောင်း အာတီတာဖြစ်ပြီး ဒီစကားက ဂွန်ဒိုဂန်ရဲ့ Game ကို အဖြေထုတ်ပေး နိုင်ပါတယ်။မန်စီးတီးဟာ ဒီရာသီမှာ (၂)ပွဲပဲ ရှုံးထားပါ တယ်။ လက်စတာကို အိမ်ကွင်းမှာ ရှုံးတဲ့ပွဲရယ်၊ စပါးကို ရှုံးတဲ့ပွဲရယ်ပါ။ အဲဒီ(၂)ပွဲစလုံးမှာ ဂွန်ဒို ဂန် မပါပါဘူး။ လိဒ်စ်ကို သရေကျတဲ့ပွဲမှာ မပါခဲ့သ လို၊ မန်ယူနဲ့ သရေပွဲမှာလည်း မပါခဲ့ပြန်ပါဘူး။ သူ ပါတဲ့ (၂၂)ပွဲမှာ (၂)ပွဲပဲ သရေကျပြီး ကျန်တဲ့ ပွဲအားလုံးကို အနိုင်ကစားခဲ့တယ်။ ဒီအချက်တွေ က တိုက်ဆိုင်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘောလုံးအသင်းတစ်သင်းရဲ့ ရလဒ်တွေက အ ကြောင်းအချက်များစွာအပေါ် မူတည်နေပါတယ်။ ဒါပေမဲ့ ဂွန်ဒိုဂန်က အဲဒီအကြောင်းအရာတွေထဲ ကတစ်ခုတော့ ဖြစ်နေနိုင်တယ်။

 

Most Read

Most Recent