အသက်အငယ်ဆုံးဂိုးသွင်းနိုင်သည့်မှတ်တမ်း လော်တာရိုမာတီနက်ဇ် ရရှိ

အသက်အငယ်ဆုံးဂိုးသွင်းနိုင်သည့်မှတ်တမ်း လော်တာရိုမာတီနက်ဇ် ရရှိ
Photo: Inter Milan
Photo: Inter Milan
Published 1 February 2021

အင်တာမီလန်အသင်းတိုက်စစ်မှူး  လော်တာရိုမာတီနက်ဇ်သည် ဘင်နီဗန်တိုနှင့် စီးရီးအေပွဲတွင် ဂိုးသွင်းယူနိုင်ပြီးနောက် လက်ရှိရာသီဥရောပထိပ်တန်းလိဂ် (၅)ခု၌ သွင်းဂိုး (၁၀)ဂိုးနှင့်အထက်သွင်းယူနိုင်သည့် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းက ဘင်နီဗန်တိုအသင်းကို (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် အနိုင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိရာသီဥရောပထိပ်တန်းလိဂ် (၅)ခုတွင် သွင်းဂိုး (၁၀)ဂိုးနှင့် အထက်သွင်းယူထားနိုင်သည့် အသက်အငယ်ဆုံးကစားသမားများအဖြစ် ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်း၊ PSG တိုက်စစ်ကစားသမား ဘာပေ၊ စတုဂတ်တိုက်စစ်မှူး ဆီလက်စ်ဝါမန်ဂီတူကာတို့နှင့်အတူ လော်တာရိုမာတီနက်ဇ် ရပ်တည်နေခြင်းဖြစ်သည်။

လော်တာရိုမာတီနက်ဇ်က '' ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲပါပဲ။ ဘင်နှီဗန်တိုက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့သာ ကျွန်တော်တို့ ဦးဆောင်ခွင့်ရခဲ့တာပါ။ ကျွန်တော်က တိုက်စစ်မှူးတစ်ဦးဖြစ်လို့ ဂိုးတွေသွင်းချင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတာ အသင်းရလဒ်ကောင်းဖို့ပါပဲ။ အင်တာမီလန်အသင်းကောင်းစားရေးအတွက် ကျွန်တော် အမြဲကြိုးစားသွားပါမယ်'' ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီး တစ်နှစ်လစာယူရို   (၂ .၅)သန်းမှ ယူရို (၄.၅)သန်းအထိ တိုးမြှင့် ပေး၍ ၂၀၂၄ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent