သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးချုပ်များ အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများ  ဖမ်းဆီးထိန်းသိမ်း ခံရသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး နေပြည်တော်နှင့် အဆက်အသွယ်များ ပြတ်တောက်

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးချုပ်များ အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများ  ဖမ်းဆီးထိန်းသိမ်း ခံရသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး နေပြည်တော်နှင့် အဆက်အသွယ်များ ပြတ်တောက်
Photo: AFP
Photo: AFP
Published 1 February 2021

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးချုပ်များ အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများ  ဖမ်းဆီးထိန်းသိမ်း ခံရသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး နေပြည်တော်နှင့် အဆက်အသွယ်များ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နေ့တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ကျင်းပရန် ရှိသော်လည်း ယင်းမတိုင်မီ အစိုးရ အာဏာပိုင်အကြီးအကဲများနှင့် NLD ပါတီမှ ထင်ရှားသူများ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် အတည်ပြုချက် မရရှိသေးသော်လည်း လွှတ်တော်အမတ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရဝန်ကြီးများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချို့ကိုလည်း ယနေ့ နံနက်ပိုင်းတွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားမှုများရှိကြောင်း ၎င်းတို့နှင့် ဆက်စပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိအချိန်တွင် နေပြည်တော်နှင့် အဆက်အသွယ် ပြတ်တောက်မှုများ ရှိနေပြီး ကျန်ပြည်နယ်နှင့်တိုင်းများတွင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီမှ ထင်ရှားသူအချို့ကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်စဉ်မှလွဲ၍ တည်ငြိမ်လျက်ရှိနေကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးထိန်းသိမ်းခံရမှုမှာ မည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း အတည်ပြုချက်မရသေးသော်လည်း တပ်မတော်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုများနှင့် ပတ်သက်၍ နို်င်ငံရေးအကြပ်အတည်းများကို ကျော်လွှားနိုင်ရန် အစိုးရ၊ လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်တို့အား နည်းလမ်းရှာ ဖြေရှင်းပေးရန် သဘောထား ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တပ်မတော်အနေဖြင့် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်လျက် ပြဌာန်းထားသည့် ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုလည်း ဇန်နဝါရီ ၃၀ ရက်နေ့က ထုတ်ပြန်ထားခဲ့သည်။

Most Read

Most Recent