ဝက်စ်ဟမ်းအသင်းသည် မန်ယူအသင်းထံမှ အငှားခေါ်ယူထားသော အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ လင်ဂတ်၏ လစာငွေအားလုံးကို (အငှားခေါ်ယူထားစဉ်ကာလအတွင်း)အပြည့်အဝပေးချေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝက်စ်ဟမ်းအသင်းသည် အသက် (၂၇) နှစ်အရွယ် လင်ဂတ်အတွက် မန်ယူအသင်းကို ငှားရမ်းခပေါင်(၁.၅)သန်း ပေးချေသွားမည်ဖြစ်သလို၊ ၎င်း၏တစ်ပတ်လစာငွေ ပေါင်(၁)သိန်းနှုန်းအတိုင်း လစာငွေကိုလည်း အပြည့်အဝပေးချေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လင်ဂတ်သည် လက်ရှိဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မွိုက်စ် မန်ယူအသင်းကို ကိုင်တွယ်စဉ်က သူ၏လက်အောက်၌ ကစားခဲ့ဖူးသူဖြစ်သည်။
လင်ဂတ်သည် ယခုရာသီ မန်ယူအသင်းတွင် နေရာရရန်ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ပွဲပင်ပါဝင်ကစားခွင့်မရခဲ့ဘဲ FA ဖလား(၁)ပွဲ၊ လိဂ်ဖလား(၂)ပွဲသာ ကစားခွင့်ရရှိခဲ့သည်။