တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး တပြိုင်နက် စတင်ထိုးနှံ 

တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေး တပြိုင်နက် စတင်ထိုးနှံ 
ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဦးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းခံရသည့် ရန်ကုန်ဆေးရုံကြီးမှ သူနာပြုအုပ်ကြီး အား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံနေစဉ်  ဓာတ်ပုံ- ကြည်နိုင်
ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဦးဆုံး ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းခံရသည့် ရန်ကုန်ဆေးရုံကြီးမှ သူနာပြုအုပ်ကြီး အား COVID-19 ကာကွယ်ဆေး စတင်ထိုးနှံနေစဉ် ဓာတ်ပုံ- ကြည်နိုင်
Published 27 January 2021
အိသဉ္ဇာကျော်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ COVID-19 ကုသရေး ဆေးရုံကြီးများ၊ ကုသရေးဌာနများနှင့် စင်တာများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို ယနေ့ (ဇန်နဝါရီ ၂၇ ရက်) မှစ၍ COVID-19 ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက် ရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ကာကွယ်ဆေးကို ဦးစားပေး အုပ်စုအလိုက် ထိုးနှံပေးမည်ဖြစ်ပြီး လက်ရှိ ပထမဦးစားပေးဖြစ်သော ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေသည့် တစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်း ၁၁၀၀၀၀ ကျော်ကို ဇန်နဝါရီ ၂၇ ရက်မှစ၍ စတင်ထိုးနှံပေးခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများအပြင် ဦးစားပေးအုပ်စုတွင် ပါဝင်သူများမှာ စေတနာ့ဝန်ထမ်းများ၊ ဗဟိုတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပထမအသုတ်တွင် ထည့်သွင်းကာ ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်ထားကြောင်းလည်း သိရသည်။

Covishield ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက်များသာ ထိုးနှံရမည်ဖြစ်ပြီး ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး လေးပတ်အကြာမှသာ ရောဂါကာကွယ်နိုင်မည် ဖြစ်ကြောင်းနှင့် လက်ရှိ ကျန်းမာရေးဝန်ထမ်းများကို ထိုးနှံသည့် Covishield ကာကွယ်ဆေး မှာ Serum Institute of India Company က ထုတ်လုပ်သော  COVID-19 ကာကွယ်ဆေးဖြစ်ပြီး ChAdOx 1 nCoV-19 Corona Virus Vaccine (Recombinant) ကာကွယ်ဆေး အမျိုးအစားဖြစ်ပြီး 2'C to 8'C တွင် ထားသိုနိုင်သည့် ကာကွယ်ဆေးအမျိုးအစားဖြစ်ရာ လက်ရှိ မြန်မာနိုင်ငံရှိ ကာကွယ်ဆေး အအေးလမ်းကြောင်းစနစ်နှင့် ကိုက်ညီမှုရှိသည့် ကာကွယ်ဆေး အမျိုးအစားဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent