အာရှ၏ အကြီးဆုံးရာဇဝတ်ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်တစ်ဦးဟု ယူဆရပြီး ကမ္ဘာ့အလိုအရှိဆုံး မူးယစ်ရာဇာများထဲမှ တစ်ဦးဖြစ်သည်ဟု သံသယရှိသူတစ်ဦးကို နယ်သာလန်နိုင်ငံတွင် ဖမ်းဆီးခဲ့သည်။
မူးယစ်ရာဇာဟု သံသယရှိသည့် အသက် ၅၇ နှစ်အရွယ် Tse Chi Lop ကို သြစတြေးလျရဲတပ်ဖွဲ့က နှစ်ပေါင်းများစွာ လိုက်လံရှာဖွေခဲ့ရပြီး သြစတြေးလျဖက်ဒရယ်ရဲ တပ်ဖွဲ့၏ တောင်းဆိုမှုကြောင့် ဇန်နဝါရီ ၂၂ ရက်တွင် နယ်သာလန်ရဲတပ်ဖွဲ့က Tse Chi Lop အား ဖမ်းဆီးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
တရုတ်နိုင်ငံဖွား ကနေဒါနိုင်ငံသား Tse Chi Lop ကို မက္ကဆီကို မူးယစ်ရာဇာ အယ်ချပိုဂုဇ်မန်းနှင့် နှိုင်းယှဉ်လေ့ရှိပြီး ၎င်းကို Sam Gor ဟုလူသိများသော အာရှ၏အကြီးဆုံး မူးယစ်ဆေးမှောင်ခိုအဖွဲ့ ခေါင်း ဆောင်အဖြစ် သံသယရှိကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က စာရင်းသွင်းထားသည်။
Sam Gor မူးယစ်ဂိုဏ်းသည် မက်သာ ဖက်တမင်း စိတ်ကြွ မူးယစ်ဆေးများ အဓိက ထုတ်လုပ်ကာ တစ်ကမ္ဘာလုံးသို့ ဖြန့်ဝေနေ သော အဖွဲ့ဖြစ်သည်။ အရှေ့တောင်အာရှ၏ မဲခေါင်ဒေသတွင် ကာစီနို၊ ဟိုတယ်၊ အိမ်ခြံ မြေလုပ်ငန်းစသော စီးပွားရေးလုပ်ငန်းအ များအပြား တိုးမြှင့်ဖွင့်လှစ်ခြင်းမှတစ်ဆင့် Sam Gor အဖွဲ့သည် မူးယစ်ဆေးရောင်းချ မှုမှ ရရှိလာသည့် ငွေမည်းများကို ခဝါချနေ သည်ဟု ယူဆရသည်။
နိုင်ငံငါးနိုင်ငံသို့ ကူးသန်းသွားလာနေ သည့် ထိုရာဇဝတ်ဂိုဏ်းအဖွဲ့နှင့်ဆက်နွှယ် နေသော လူ ၂၇ ဦးကို ၂၀၁၂-၂၀၁၃ စစ်ဆင်ရေးအတွင်း လက်ပူးလက်ကြပ်ဖမ်းမိခဲ့ပြီး နောက် ၂၀၂၁ ဇန်နဝါရီ ၂၂ ရက်တွင် ထိုရာ ဇဝတ်ဂိုဏ်း၏ ခေါင်းဆောင်ဟု သံသယရှိသူ တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သြ စတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ သည်။
Sam Gor အဖွဲ့သည် ဘိန်းဖြူနှင့်မက် သာဖက်တမင်း ပမာဏအများအပြားကို သြစတြေးလျနိုင်ငံတွင်းသို့ တင်သွင်းခြင်း၊ ဖြန့် ဖြူးခြင်းဖြင့် သြစတြေးလျနိုင်ငံကို နှစ်ပေါင်း များစွာကြာ ပစ်မှတ်ထားခဲ့ပြီး မူးယစ်ဆေး မှောင်ခိုကူးမှုမှ ရရှိလာသည့် ငွေကြေးများ ကို ခဝါချနေကြောင်း သြစတြေးလျရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၂-၂၀၁၃ တွင် မဲလ်ဘုန်းမြို့တစ် ဝန်း၌ စီးနင်းမှုများအတွင်း ရဲတပ်ဖွဲ့က ငွေသားများ၊ နာမည်ကြီး လက်ကိုင်အိတ်များ၊ ကာစီနို လောင်းကစားဝိုင်းများတွင် အသုံးပြုသော လက်ကွက်ပြားများ၊ လက်ဝတ် ရတနာများပါဝင်သော ဒေါ်လာ ၇ သန်းတန် ဖိုးရှိသည့် တန်ဖိုးကြီးပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။
သြစတြေးလျနိုင်ငံသည် မူးယစ်ဆေး ထုတ်လုပ်ဖြန့်ဝေသည့်အဖွဲ့များအတွက် အကျိုးအမြတ်များသော နိုင်ငံဖြစ်နေသည်မှာ ကာလရှည်ကြာနေပြီး ၂၀၁၂-၂၀၁၃ ခုနှစ် တွင် လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးက သြ စတြေးလျအာဏာပိုင်များအတွက် အဓိက အောင်ပွဲတစ်ရပ်ဖြစ်ခဲ့သည်။ ထိုစစ်ဆင်ရေး ပြီးဆုံးသွားခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးပါးအ ကြာမှ Sam Gor အဖွဲ့ခေါင်းဆောင်ဟု သံ သယရှိသော Tse Chi Lop ကို ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်သည်။
နယ်သာလန်တွင် ဖမ်းဆီးထားသော Tse Chi Lop ကို တရားရင်ဆိုင်ခိုင်းရန် အတွက် ၎င်းအား သြစတြေးလျသို့ လွှဲ ပြောင်းပေးရန် တရားဝင်တောင်းဆိုမှုကို သြစတြေးလျရှေ့နေချုပ်က စတင်လုပ် ဆောင်နေပြီဖြစ်သည်။















