မူဆာဒမ်ဘီလီအား အငှားခေါ်ယူရန် အက်သလက်တီကိုအသင်း သဘောတူညီမှုရရှိ

မူဆာဒမ်ဘီလီအား အငှားခေါ်ယူရန် အက်သလက်တီကိုအသင်း သဘောတူညီမှုရရှိ
Photo: Getty Images
Photo: Getty Images
Published 11 January 2021

အက်သလက်တီကိုအသင်းသည် အသင်း၏တိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် လိုင်ယွန်အသင်း၏ ပြင်သစ်ယူ-၂၁ တိုက်စစ်မှူးဟောင်း မူဆာဒမ်ဘီလီ (၂၄ နှစ်)အား ရာသီကုန်အထိ အငှားခေါ်ယူရန် သဘောတူညီမှုရခဲ့ကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည် ဒီယေဂိုကော်စတာနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် အသင်း၏တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်ရန်အတွက် ဒမ်ဘီလီအား ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အငှားစာချုပ်ပြည့်ပါက ရာသီကုန်တွင် ယူရို(၃၃)သန်းဖြင့် အပြီးသတ် ခေါ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည် မူလက ဆိုစီဒက်တိုက်စစ်မှူး ဝီလျံဂျိုဆေးအား ပစ်မှတ်ထားခဲ့သော်လည်း အဆင်မပြေသည့်အတွက် ဒမ်ဘီလီအား ကြိုးပမ်းခဲ့ခြင်းလည်းဖြစ်သည်။

Most Read

Most Recent