ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကာလအတွင်း ဂျူဗင်တပ်စ်နည်းပြ ပီယာလို၏ ဝိုင်နှင့် စတီးလ်လုပ်ငန်းများ ထိိခိုက်ပြီး ဝင်ငွေများစွာလျော့ကျခဲ့ကြောင်းသိရသည်။

ပီယာလိုသည် ၂၀၀၇ ခုနှစ်တွင် Pratum Coller စိုက်ပျိုးရေးကုမ္ပဏီကို ပိုင်ဆိုင်ခဲ့ပြီး ဝိုင်ထုတ်လုပ်ရောင်းချခြင်းအား စတင်လုပ်ကိုင်ခဲ့သည်။

ထို့ပြင် ပီယာလိုသည် ဖခင်ဖြစ်သူ လူဂီပိုင်ဆိုင်ပြီး ၁၉၈ဝခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ELG စတီးထုတ်လုပ်ရေးကုမ္ပဏီကိုလည်း ဦးစီးလုပ်ကိုင်ရမှုများရှိနေပြီး အဆိုပါကုမ္ပဏီသည် ၂၀၂၀ ခုနှစ်ကုန်၌ အရှုံးငွေယူရို (၁ .၁)သန်းကျော်ရှိခဲ့သည်။

ပီယာလိုရှယ်ယာများပါဝင်ထားသည့် စီးပွားရေးလုပ်ငန်းများမှာလည်း ယူရိုသန်းဂဏန်းအထိ အရှုံးပေါ်ခဲ့ကြောင်း Clacio Finanza မဂ္ဂဇင်းက ဖော်ပြခဲ့သည်။















