ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ်ခုနစ်ခုတွင် မဲမသမာမှု ပြုလုပ်နိုင်သည့် မဲစာရင်း ထပ်နေခြင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် မဲစာရင်း နှစ်သိန်းကျော် တွေ့ရှိကြောင်း တပ်မတော် ထပ်မံထုတ်ပြန်

ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ်ခုနစ်ခုတွင် မဲမသမာမှု ပြုလုပ်နိုင်သည့် မဲစာရင်း ထပ်နေခြင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် မဲစာရင်း နှစ်သိန်းကျော် တွေ့ရှိကြောင်း တပ်မတော် ထပ်မံထုတ်ပြန်
Photo : တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့
Photo : တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့
Published 2 January 2021

ဇေယျာသီရိမြို့နယ် အပါအဝင် မြို့နယ်ခုနစ်မြို့နယ်တွင် စိစစ်ချက်အရ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၀၇၀၂၃ နှင့် မဲမသမာမှု ပြုလုပ်နိုင်သည့် ထပ်နေသော မဲစာရင်း ၁၀၈၄၁၁ စုစုပေါင်း ၂၁၅၄၃၄ တွေ့ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။

တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစိစစ်မှုများကို ပြုလုပ်ခဲ့ရာတွင် စိစစ်ပြီးသည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်အား လေးကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ ယခုပဥ္စမအကြိမ် ထုတ်ပြန်ချက်တွင် မြို့နယ်ခုနစ်မြို့နယ်၌ ထိုသို့ ထပ်မံတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိစစ်တွေ့ရှိချက်များသည် သာမန်အားဖြင့် မသိနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် အထောက်အထားဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သော မဲစာရင်းများဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခု ပဥ္စမအကြိမ် ထုတ်ပြန်သည့် မြို့နယ်များမှာ ရပ်စောက်၊ စဉ့်ကိုင်၊ ဇေယျာသီရိ၊ မင်းဘူး၊ မအူပင်၊ တပ်ကုန်း၊ ချောင်းဆုံမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ၏ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၁၁၀၄၇၈ ဦးဖြစ်ပြီး တပ်မတော်က စိစစ်တွေ့ရှိသည့် မဲပေးပိုင်ခွင့်ရှိသူ ပုံစံ (၁) စာရင်းမှာ ၁၁၀၉၅၈ ဦးဖြစ်ကာ မဲမသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၀၄၂၇ နှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၂၈၄၁ တွေ့ရှိကြောင်း သိရသည်။

အလားတူ စဉ့်ကိုင်မြို့နယ်တွင် UEC ၏ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၁၁၈၄၇၉ ဦးဖြစ်ပြီး တပ်မတော်က စိစစ်တွေ့ရှိသည့် မဲပေးပိုင်ခွင့်ရှိသူ ပုံစံ (၁) စာရင်းမှာ ၁၁၃၆၁၁ ဦးဖြစ်ကာ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၀၅၅၈ နှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၈၉၄၅ တွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဇေယျာသီရိမြို့နယ်တွင် UEC ၏ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၈၂၂၁၄ ဦးဖြစ်ပြီး တပ်မတော်က စိစစ်တွေ့ရှိသည့် မဲပေးပိုင်ခွင့်ရှိသူ ပုံစံ (၁) စာရင်းမှာ ၈၂၁၇၆ ဦးဖြစ်ကာ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၆၃၀ နှင့် မဲမသမာမှု ဖြစ်နိုင်သည့်အခြား မဲစာရင်း ၄၇၁၆ တွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မင်းဘူးမြို့နယ်တွင် UEC ၏ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၁၄၃၇၉၂ ဦးဖြစ်ပြီး တပ်မတော်က စိစစ်တွေ့ရှိသည့် မဲပေးပိုင်ခွင့်ရှိသူ ပုံစံ (၁) စာရင်းမှာ ၁၄၂၂၂၆ ဦးဖြစ်ကာ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၅၆၇၄ နှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၉၆၂၆ တွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မအူပင်မြို့နယ်တွင် UEC ၏ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၂၄၇၈၄၄ ဦးဖြစ်ပြီး တပ်မတော်က စိစစ်တွေ့ရှိသည့် မဲပေးပိုင်ခွင့်ရှိသူ ပုံစံ (၁) စာရင်းမှာ ၂၃၉၇၀၃ ဦးဖြစ်ကာ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၄၀၁၆၄ နှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၉၈၄၃ တွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တပ်ကုန်းမြို့နယ်တွင် UEC ၏ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၁၈၀၈၃၈ ဦးဖြစ်ပြီး တပ်မတော်က စိစစ်တွေ့ရှိသည့် မဲပေးပိုင်ခွင့်ရှိသူ ပုံစံ (၁) စာရင်းမှာ ၁၈၀၈၃၆ ဦးဖြစ်ကာ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၅၄၂၁ နှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၈၂၂၉ တွေ့ရှိကြောင်း သိရသည်။

ယင်းအပြင် ချောင်းဆုံမြို့နယ်တွင် UEC ၏ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၁၃၂၅၅၂ ဦးဖြစ်ပြီး တပ်မတော်က စိစစ်တွေ့ရှိသည့် မဲပေးပိုင်ခွင့်ရှိသူ ပုံစံ (၁) စာရင်းမှာ ၁၃၁၅၅၈ ဦးဖြစ်ကာ မဲမသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၄၅၃၇ နှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၂၈၂၃ တွေ့ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent