ရန်ကုန် ကညနရုံးများ ပြန်ဖွင့်ပါက ယာဉ်မောင်းလိုင်စင်အတွက် ရွာသာကြီးရုံးခွဲတွင် တပေါင်းတည်း ဖြေဆိုရမည်ဖြစ်ပြီး ရုံးပြန်ဖွင့်မည့်ရက် မသိရသေး

ရန်ကုန် ကညနရုံးများ ပြန်ဖွင့်ပါက ယာဉ်မောင်းလိုင်စင်အတွက် ရွာသာကြီးရုံးခွဲတွင် တပေါင်းတည်း ဖြေဆိုရမည်ဖြစ်ပြီး ရုံးပြန်ဖွင့်မည့်ရက် မသိရသေး
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) ရှိ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးရေးခန်းမအား တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ (ရွာသာကြီး) ရှိ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးရေးခန်းမအား တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးဝင်း)
Published 31 December 2020
နေမျိုးဝင်း

ရန်ကုန် ကညနရုံးများ ပြန်ဖွင့်ပါက ယာဉ်မောင်းလိုင်စင်အတွက် ရွာသာကြီးရုံးခွဲတွင် တပေါင်းတည်း ဖြေဆိုရမည်ဖြစ်ပြီး ရုံးပြန်ဖွင့်မည့်ရက် မသိရသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲ (ရွာသာကြီး) မှ  ဒီဇင်ဘာ ၃၀ ရက်တွင် သိရသည်။

ယခင်ကာလများတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်း၊ ယာဉ်မောင်းလိုင်စင် ရေးဖြေတို့မှာ မြင်သာ က.ည.န ရုံးတွင် ဆောင်ရွက်ရကြောင်း သိရသည်။

“၂၀၁၉-၂၀၂၀ မှာ ဒီယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး အဆောက်အအုံကြီး ပြီးသွားတဲ့ အတွက်ကြောင့်မို့လို့ တကယ်လို့ ရုံးပြန်ဖွင့်မယ်ဆိုရင် ရေးဖြေရော၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သင်တန်းရော လက်တွေ့ရော တစ်ခါတည်း ဒီ (ရွာသာကြီးရုံးခွဲ) မှာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ယခင်တုန်းကဆိုရင် တိုင်းဒေသကြီး ရုံးမြင်သာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်းရယ် ယာဉ်မောင်းလိုင်စင် ရေးဖြေရတယ်။ အဲဒီလုပ်ငန်းနှစ်ခုကို အဲဒီမှာ ဆောင်ရွက်ပါတယ်။ အခုကိုဗစ်ကာလပြီးလို့ ရုံးတွေ ပြန်ဖွင့်တော့မယ်ဆိုရင် ကျွန်မတို့ ရွာသာကြီးမှာပဲ တစ်ပြိုင်တည်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ရုံးပြန်ဖွင့်ဖို့ကတော့ အထက်ဌာနရုံးချုပ်ရဲ့ ညွှန်ကြားမှုရမှပဲ ဖွင့်လို့ရမှာပေါ့”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သွင်သွင်ထွေးက ပြောကြားသည်။

ထို့ပြင် ရုံးလုပ်ငန်းများ ပြန်ဖွင့်မည်ဆိုပါ က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ န၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်ကော်မတီ၏ စစ်ဆေးမှုများလည်း ခံယူပြီးဖြစ်ကြောင်း၊ ရုံးများဖွင့်ပါက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးသင်တန်းသည် အွန်လိုင်းမှတစ်ဆင့် တစ်ရက်ကြိုတင်ကာ စာရင်းပေးရပြီး ရေးဖြေအတွက်မူ သုံးရက် ကြိုတင်ပေးရမည် ဖြစ်ကြောင်း သိရသည်။

“ယခင်က မြင်သာမှာ ကိုဗစ်ကာလမ တိုင်ခင် တစ်ရက်ကို လေးကြိမ် တစ်ကြိမ်မှာ လူ ၁၀၀ စစ်ဆေးဆောင်ရွက်ပေးခဲ့ပါတယ်။နောက်တစ်ခုက သင်တန်းအနေနဲ့က တစ် ကြိမ်ကို လူ ၂၀၀ သတ်မှတ်ပေးခဲ့ပါတယ်။ Online Booking စနစ်နဲ့ ကြိုတင်လျှောက်ထားပြီးတော့ သင်တန်းကလည်း နှစ်ကြိမ်ရှိ ပါတယ်။ မနက်တက်ချင်တဲ့သူတက် ညနေ တက်ချင်တဲ့သူတက် အဲဒီအတိုင်း ဆောင် ရွက်ပေးခဲ့ပါတယ်။ အခု ဒီကိုပြောင်းလာတဲ့ အခါ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန် ချက်နဲ့ အညီပေါ့နော်။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေကွာ သတ်မှတ်တယ်။ နောက်တစ်ခုက Social Distancing နဲ့လည်း ကိုက်ညီအောင် ညွှန်ကြားချက်တွေနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲ (ရွာသာကြီး) မှ စစ်ဆေးရေးမှူး (၂) ဦးကျော်သီဟက ပြောကြားသည်။

Most Read

Most Recent