အေစီမီလန်ရဲ့ တစ်ကျော့ပြန် ချန်ပီယံမျှော်လင့်ခြင်းခရီး

အေစီမီလန်ရဲ့ တစ်ကျော့ပြန် ချန်ပီယံမျှော်လင့်ခြင်းခရီး
Photos: AFP, Getty Images & Reuters
Photos: AFP, Getty Images & Reuters
Published 26 December 2020
ဟိန်းသန့်

လက်ရှိစီးရီးအေရာသီ အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုကြည့်လိုက်ရင် အေစီမီလန်ကို တွေ့ရမှာဖြစ်တယ်။ ဒါဟာ အေစီမီလန်ချစ်သူတွေအတွက်တော့ ကောင်းသောပြောင်းလဲခြင်းများရဲ့ နိဒါန်းတစ်ခုလေလားလို့ စပြီးမျှော်လင့်လာကြတယ်။ (၁၀)နှစ်တာ ဝေးကွာနေခဲ့ရတဲ့ စီးရီးအေချန်ပီယံဆုအတွက် အေစီမီလန် မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်လာနေပြီလို့လည်း ယုံကြည်လာခဲ့ကြတယ်။ အေစီမီလန်ရဲ့ အရှိန်အဝါတွေပြန်လင်းလက်လာနိုင်ဖို့ လမ်းကြောင်းတစ်ခုပေါ် ပြန်ရောက်လာခဲ့ပြီလို့တောင် ထင်မြင်မှုတွေလည်း ပြန်မြင့်တက်လာကုန်ကြတယ်။

 

Most Read

Most Recent