တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ် လေးမြို့နယ်တွင် မဲ မသမာမှု ခုနှစ်သောင်းကျော် တွေ့ရှိခဲ့ကြောင်း တပ်မတော် ထုတ်ပြန်

တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ် လေးမြို့နယ်တွင် မဲ မသမာမှု ခုနှစ်သောင်းကျော် တွေ့ရှိခဲ့ကြောင်း တပ်မတော် ထုတ်ပြန်
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်ပြင်ပ မဲရုံများတွင် နိုဝင်ဘာ ၈ ရက်က တပ်မတော်သား မိသားစုဝင်များ မဲပေးနေကြစဉ်
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်ပြင်ပ မဲရုံများတွင် နိုဝင်ဘာ ၈ ရက်က တပ်မတော်သား မိသားစုဝင်များ မဲပေးနေကြစဉ်
Published 23 December 2020

တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ် လေးမြို့နယ်တွင် မဲမသမာမှု ခုနှစ်သောင်းကျော် တွေ့ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

မဲစာရင်းကွာဟခဲ့သည့် လေးမြို့နယ်မှာ အောင်မြေသာဇံမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့ ဖြစ်သည်။ အဆိုပါ လေးမြို့နယ်အနက် တစ်ကြိမ်ထက်ပို၍ မဲပေးပိုင်ခွင့် ရစေနိုင်သည့် ထပ်နေသော မဲစာရင်းအရေအတွက်မှာ ၃၄၇၁၀ ဦးရှိခဲ့ပြီး မဲ မသမာမှုဖြစ်နိုင်သည့် မဲစာရင်း အရေအတွက်မှာ ၃၉၅၉၆ ဦးရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ အောင်မြင်သာဇံမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၈၆၃၂၃ ဦးရှိသည့်အနက် စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူမှာ ၁၈၁၅၈၈ ဦးဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ စိစစ်တွေ့ရှိချက်အရ အောင်မြေသာဇံမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့် ရစေနိုင်သည့် ထပ်နေသောမဲစာရင်းမှာ ၂၀၉၃ ဦးရှိကြောင်၊ မဲ မသမာမှုဖြစ်နိုင်သည့် မဲစာရင်းမှာ ၄၂၈၉ ဦးရှိသည့်အတွက် စုစုပေါင်း ၆၃၈၂ ဦးရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ ရမည်းသင်းမြို့နယ်တွင်လည်း မဲပေးပိုင်ခွင့်ရှိသူ ၁၉၈၄၃၈ ဦး ရှိသည့်အနက် စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူမှာ ၁၉၈၄၁၇ ဦးဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ စိစစ်တွေ့ရှိချက်အရ ရမည်းသင်းမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့် ရစေနိုင်သည့် ထပ်နေသောမဲစာရင်းမှာ ၉၆၉၂ ဦးရှိကြောင်၊ မဲ မသမာမှုဖြစ်နိုင်သည့် မဲစာရင်းမှာ ၈၃၉၉ ဦး ရှိသည့်အတွက် စုစုပေါင်း ၁၈၀၉၁ ဦးရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

ထို့အတူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ ပျော်ဘွယ်မြို့နယ်တွင်လည်း မဲပေးပိုင်ခွင့်ရှိသူ ၂၁၆၆၉၁ ဦး ရှိသည့်အနက် စိစစ်သည့် ဆန္ဒမဲပေးခွင့်ရှိသူမှာ ၂၁၃၈၁၇ ဦး ဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ စိစစ်တွေ့ရှိချက်အရ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့် ရစေနိုင်သည့် ထပ်နေသော မဲစာရင်းမှာ ၂၁၄၈၁ ဦးရှိကြောင်း၊ မဲ မသမာမှုဖြစ်နိုင်သည့် မဲစာရင်းမှာ ၂၂၃၇၉ ဦး ရှိသည့်အတွက် စုစုပေါင်း ၄၃၈၆၀ ဦးရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။

ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ တနိုင်းမြို့နယ်တွင်လည်း မဲပေးပိုင်ခွင့်ရှိသူ ၃၄၃၄၉ ဦး ရှိသည့်အနက် စိစစ်သည့် ဆန္ဒမဲ ပေးခွင့်ရှိသူမှာ ၃၄၃၄၆ ဦး ဖြစ်ကြောင်း တပ်မတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ စိစစ်တွေ့ရှိချက်အရ တနိုင်းမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့် ရစေနိုင်သည့် ထပ်နေသော မဲစာရင်းမှာ ၁၄၄၄ ဦးရှိကြောင်း၊ မဲ မသမာမှုဖြစ်နိုင်သည့် မဲစာရင်းမှာ ၄၅၂၉ ဦး ရှိသည့်အတွက် စုစုပေါင်း ၅၉၇၃ ဦးရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

အောင်မြေသာဇံမြို့နယ်တွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့် ရစေနိုင်သည့် ထပ်နေသော မဲစာရင်းတွင် အကြောင်းအရာ ၁၃ ချက်ကို တွေ့ရှိရသည့် မဲဆန္ဒရှင် ၂၀၉၃ ဦး တွေ့ရှိရကြောင်း၊ မဲ မသမာမှုဖြစ်စဉ်တွင်မူ အသက် ၁၈ မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်သောသူ ရှစ်ဦး၊ နိုင်ကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄၀၄၆ ဦးနှင့် အသက် ၁၀ နှစ်အထက် ၂၃၅ ဦး စုစုပေါင်း ၄၂၈၉ ဦးကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

အလားတူ ရမည်းသင်းမြို့နယ်တွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းတွင် အကြောင်းအရာ ၁၃ ချက်ကို တွေ့ရှိရသည့် မဲဆန္ဒရှင် ၉၆၉၂ ဦး တွေ့ရှိရကြောင်း၊ မဲ မသမာမှုဖြစ်စဉ်တွင်မူ အသက် ၁၈ မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်သောသူ ၄၇ ဦး၊ နိုင်ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၈၂၄၁ ဦးနှင့် အသက် ၁၀ နှစ်အထက် ၁၁၁ ဦး စုစုပေါင်း ၈၃၉၉ ဦးကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် ပျော်ဘွယ်မြို့နယ်တွင် တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းတွင် အကြောင်းအရာ ၁၄ ချက်ကိုတွေ့ရှိရသည့် မဲဆန္ဒရှင် ၂၁၄၈၁ ဦးတွေ့ရှိရကြောင်း၊ မဲ မသမာမှုဖြစ်စဉ်တွင်မူ အသက် ၁၈ မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်သောသူ နှစ်ဦး၊ နိုင်ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၂၂၂၉၈ ဦးနှင့် အသက် ၁၀ နှစ်အထက် ၇၉ ဦး စုစုပေါင်း ၂၂၃၇၉  ဦးကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

တနိုင်းမြို့နယ်တွင်လည်း တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းတွင် အကြောင်းအရာ အချက် ၂၀ ကို တွေ့ရှိရသည့် မဲဆန္ဒရှင် ၁၄၄၄ ဦးကို တွေ့ရှိရကြောင်း၊ မဲမသမာမှုဖြစ်စဉ်တွင်မူ အသက် ၁၈ မပြည့်ဘဲ မဲစာရင်းတွင် ပါဝင်သောသူ သုံးဦး၊ နိုင်ကတ် မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄၅၂၆  ဦး  စုစုပေါင်း ၄၅၂၉ ဦးကို တွေ့ရှိရကြောင်း  တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent