မျောလွင့်သွားသော မျှော်လင့်ခြင်းများ

မျောလွင့်သွားသော မျှော်လင့်ခြင်းများ
Photos: AFP
Photos: AFP
Published 13 December 2020
Phoe Thar

ယုံကြည်မှုဆိုတာ တည်ဆောက်ရတာ ခက်ခဲသလောက်၊ ပြိုပျက်သွားတာသိပ်လွယ်ကူ တယ်။ စီးပွားရေးဆန်လာတဲ့၊ ငွေကြေးနဲ့အောင် မြင်မှုတစ်ထပ်တည်းကျလာတဲ့မော်ဒန်ခေတ်ဘော လုံးမှာ ယုံကြည်မှုဆိုတဲ့အရာက ရှားပါးပစ္စည်းလို ဖြစ်လာတယ်။ အာတီတာအတွက်လည်း ယုံ ကြည်မှုက ပြိုပျက်လွယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သြ ဂုတ်လမှာ ဆုဖလားအောင်ပွဲ (၂)လုံးနဲ့မော်ကြွားခဲ့တဲ့ အာတီတာဟာ (၄)လဆိုတဲ့အချိန်ကာလ အတွင်းမှာပဲ ပရီးမီးယားလိဂ်ရဲ့ ထုတ်ပယ်ခံရမယ့် နည်းပြစာရင်းရဲ့ထိပ်ပိုင်းမှာရှိနေခဲ့ပြီ။ အစည်းပြေနေတဲ့အာဆင်နယ်ကိုအမြန်ပြန်လည်စုစည်းမှု ဟန်တစ်ခုကိုချပြနိုင်ခဲ့တဲ့ အာတီတာ၊ ပရီးမီးယား လိဂ်မှာ လမ်းပတ်၊ ဆိုးလ်ရှားတို့လို ကစားသမား ဘဝကနေ နည်းပြဘဝကိုကူးပြောင်းလာတဲ့ လူငယ်နည်းပြတွေအကြားမှာအချိန်တိုအတွင်း အောင်မြင်မှုတွေယူနိုင်ခဲ့တဲ့ အာတီတာ၊ အာဆင် နယ်အသင်းနဲ့ပေါင်းစည်းမှုမှာ ပြိုင်ဘက်အသင်း ပရိသတ်တွေကအစအထင်ကြီးခဲ့ရတဲ့ အာတီ တာရဲ့ရွှေရောင်နေ့ရက်တွေက ကုန်ဆုံးတာမြန် ဆန်ခဲ့တာပါတယ်။

 

Most Read

Most Recent