Huawei နှင့် စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်ပြီဟု ဂရီးဇ်မန်း အတည်ပြု

Huawei နှင့် စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်ပြီဟု ဂရီးဇ်မန်း အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 11 December 2020

ဘာစီလိုနာအသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းက တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei နှင့် စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်ပြီဟု ကြာသပတေးနေ့က အတည်ပြုပြောကြားခဲ့သည်။

    

ဂရီးဇ်မန်းသည် Huawei ကုမ္ပဏီ၏ Brand Ambassador တစ်ဦးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ပြင် သစ်နိုင်ငံအတွင်း Huawei ၏ ဈေကွက်မြှင့် တင်မှုအစီအစဉ်များစွာတွင် အဓိကဦးဆောင်ခဲ့ရသူဖြစ်သည်။ 

ယခုအခါ တရုတ်အစိုးရ၏ မူဆလင်များအပေါ် ခွဲခြားဆက်ဆံမှုတွင် Huawei ကုမ္ပဏီက ပါဝင်ကူညီပေးနေသည်ဟု သင်္ကာမကင်းဖွယ် အခြေအနေများ ရှိလာသည့်အတွက် စပွန်ဆာစာချုပ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 



ဂရီးဇ်မန်းက "ဒီကိစ္စမှာ Huawei က ပါဝင်ကူညီနေတယ်လို့ သင်္ကာမကင်းဖြစ်စရာအခြေအနေတွေ ရှိနေပါတယ်။ ဒီလို သိသိချင်းမှာပဲ ဒီကုမ္ပဏီနဲ့ ကျွန်တော့်ရဲ့လက်တွဲမှုကို ချက်ချင်းရပ်တန့်ပစ်လိုက်တာပါ"ဟု ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် မူဆလင်များအပေါ် ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။

Most Read

Most Recent