ပြည်သူ့ဥယျာဉ်နှင့် ကန်တော်ကြီးပန်းခြံတို့တွင် လာရောက် အပန်းဖြေသူ များပြားလာပါက ပညာပေးပြီး ပိတ်သင့်ပါက ပိတ်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့တော်ဝန် ပြောကြား

ပြည်သူ့ဥယျာဉ်နှင့် ကန်တော်ကြီးပန်းခြံတို့တွင် လာရောက် အပန်းဖြေသူ များပြားလာပါက ပညာပေးပြီး ပိတ်သင့်ပါက ပိတ်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့တော်ဝန် ပြောကြား
အင်းလျားကန်ပေါင်တွင် နံနက်ပိုင်းအချိန်၌ အားကစားလေ့ကျင့်ခန်း ပြုလုပ်နေသူ အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
အင်းလျားကန်ပေါင်တွင် နံနက်ပိုင်းအချိန်၌ အားကစားလေ့ကျင့်ခန်း ပြုလုပ်နေသူ အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 December 2020
ဆန်းထူးအောင်

ပြည်သူ့ဥယျာဉ်နှင့် ကန်တော်ကြီး ပန်းခြံတို့တွင် လာရောက်အပန်းဖြေသူ များပြားလာပါက ပညာပေးပြီး ပိတ်သင့်ပါက ပိတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။

“အရင်တုန်းက ပန်းခြံတွေက စားသောက်ဆိုင်တွေ လုပ်ထားတာများတယ်။ နောက်ပိုင်းမှာ စားသောက်ဆိုင်တွေ မပေးဘဲ ပန်းခြံတွေဖြစ်လာပြီ။ ပြည်သူ့ဥယျာဉ်မှာ လူတွေအများကြီးလာပြီး အပန်းဖြေနေတာတွေ့တယ်။ ကန်တော်ကြီး ပန်းခြံတွေမှာ လူစုလူဝေး အရမ်းဖြစ်လာရင် ပိတ်လို့ရတယ်။ အခုတော့ လူတွေအများကြီး မတွေ့သေးဘူး။ တအားများလာရင် ပညာပေးပြီးတော့ ပိတ်သင့်ရင်ပိတ်ရမယ်}} ဟု ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။

အင်းလျား ကန်ဘောင်တွင် လူစုလူဝေး မပြုလုပ်ရန်အတွက် ကိုဗစ်ကာလအတွင်း Social Distancing ဖြင့် နေထိုင်ရန်သာ ပြောကြားလို့ရကြောင်း ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြားသည်။

“ကန်ဘောင်ကို အများပြည်သူတွေ အပန်းဖြေလို့ရအောင်၊ လေ့ကျင့်ခန်း လုပ်လို့ရအောင် ပေးတက်ထားတဲ့ သဘောပါပဲ။ စည်းနဲ့ ကမ်းနဲ့ ကိုင်ဖို့က ဂိတ်တွေမရှိဘူး။ လူတွေ ပေးမတက် ဘာညာလုပ်လို့လည်း မရဘူး။ လူတွေစည်းကမ်းတကျရှိအောင် အမှိုက်ပုံတွေ ထားထားတာကိုတွေ့တယ်။ လူတွေ စည်းကမ်းရှိဖို့ပဲလိုတယ်။ ကျွန်တော်သွားတဲ့အချိန် အချို့လေ့ကျင့်ခန်း လုပ်နေတာတွေ့တယ်။ အပန်းဖြေလုပ်လို့ရတဲ့နေရာ ထိုင်ပြီးတော့ စားသောက်တာတော့ မကောင်းဘူးပေါ့။ အချို့က စားပြီးသား ဟာတွေကို အမှိုက်ပုံးထဲ မပစ်ဘူး။ ကန်ထဲမှာ ဖော့ဘူးတွေ တွေ့တယ်။ စည်းကမ်းရှိဖို့တော့ ပြောခဲ့တယ်” ဟု ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောကြား သည်။

COVID-19 ရောဂါတွေ့ရှိမှု များပြားနေသော်လည်း အပန်းဖြေသူများဖြင့် စည်ကားနေသည့် မဟာဗန္ဓုလပန်းခြံကို ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းမှ စတင်၍ ယာယီပိတ်လိုက်ကြောင်း သိရသည်။

ထိုသို့အပန်းဖြေသူများဖြင့် စည်ကားနေသည့် မဟာဗန္ဓုလပန်းခြံကို ဒီဇင်ဘာ ၆ ရက်က စည်ပင်တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးပြီး အစည်းအဝေး ပြုလုပ်ကာ ယာယီပိတ်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ ရန်ကုန်မြို့၏ ကိုဗစ်တွေ့ရှိမှု အတက်အကျပေါ် မူတည်ပြီး ပြန်ဖွင့်မည်ဟု ထင်ကြောင်း ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်က ပြောကြားထားသည်။

မဟာဗန္ဓုလပန်းခြံသည် ကျောက်တံတားမြို့နယ်ထဲတွင် ရှိနေသော်လည်း ဆိပ်ကမ်းမြို့နယ်၊ ပန်းဘဲတန်း မြို့နယ်တို့နှင့်လည်း သက်ဆိုင်ကြောင်း၊ ပန်းခြံတွင် အပန်းဖြေသူ များပြားနေသည့်အပေါ် ကျောက်တံတားမြို့နယ် နေသူများက ပန်းခြံပိတ်ရန် တင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့မဟာဗန္ဓုပန်းခြံကို ပိတ်လိုက်သော်လည်း ပန်းခြံဘေး ပတ်ပတ်လည်တွင် အနားယူသူများကိုလည်း တွေ့ရှိရသည်။

ထို့ပြင် မဟာန္ဓုပန်းခြံအနီးတွင် ရောင်းချနေသည့် လမ်းဘေးစျေးသည်များကိုလည်း ဆက်လက်ရောင်းချမှုများ ပြုလုပ်ပါက COVID-19 စည်းမျဉ်းဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

 

Most Read

Most Recent