မက်ဆီအကြောင်း ပြောရမည့်အချိန် မဟုတ်သေးဟု လီယိုနာဒို ဆို

မက်ဆီအကြောင်း ပြောရမည့်အချိန် မဟုတ်သေးဟု လီယိုနာဒို ဆို
Photo: Marca
Photo: Marca
Published 7 December 2020

PSG အသင်း၏ အားကစားဒါရိုက်တာ လီယိုနာဒိုက လက်ရှိအချိန်မှာ မက်ဆီအကြောင်း ပြောရမည့်အချိန်မဟုတ်သေးဟု ဆိုခဲ့သည်။

PSG အသင်း၏ တိုက်စစ်မှူး နေမာက လာမည့်ရာသီတွင် မက်ဆီနှင့် သေချာပေါက်တွဲကစားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် PSG အသင်းသို့ မက်ဆီ ပြောင်းရွှေ့နိုင်သည်ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

မက်ဆီသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့တွင် ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ဇန်နဝါရီ(၁)ရက်နေ့တွင် အခြားအသင်းများနှင့် အပြောင်းအရွှေ့ကိစ္စဆွေးနွေးနိုင်တော့မည်ဖြစ်သည်။

ထို့ကြောင့် မီဒီယာများက လီယိုနာဒိုအား မေးမြန်းခဲ့ရာ ''မက်ဆီက ဘာစီလိုနာကစားသမားအဖြစ် ရှိနေဆဲပါ။ ဒါကို ကျွန်တော်တို့ လေးစားမှုထားရမှာပါ။ ကျွန်တော်တို့ရဲ့ ကစားသမားတွေအကြောင်း ဒီလိုဆွေးနွေးတာ မကြိုက်သလို၊ တခြားအသင်းက ကစားသမားတွေအကြောင်းလည်း မဆွေးနွေးချင်ပါဘူး။ ပြီးတော့ အခုအချိန်က အပြောင်းအရွှေ့စျေးကွက်အကြောင်း စဉ်းစားရမယ့်အချိန် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာပေကို ဆက်ထိန်းထားနိုင်ဖို့ပဲ လုပ်ဆောင်နေပါတယ်'' ဟု ပြောကြားခဲ့သည်။

PSG အသင်းသည် မက်ဆီကို ခေါ်ယူကာ ဘာပေကို ပြန်လည်ရောင်းထုတ်ဖွယ်ရှိသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

Most Read

Most Recent