အလျင်အမြန် ဖြေရှင်းသင့်ပြီဖြစ်တဲ့ ခေါင်းထိခိုက်မိခြင်းအန္တရာယ်

အလျင်အမြန် ဖြေရှင်းသင့်ပြီဖြစ်တဲ့ ခေါင်းထိခိုက်မိခြင်းအန္တရာယ်
Published 7 December 2020
Sithu

Concussion (ခေါင်းထိခိုက်မိခြင်း) ဖြစ်တဲ့အခါ တစ်ချက်တည်း ထိမိရုံနဲ့ ဘေးအန္တရာယ် ရှိချင်မှ ရှိတာပါ။ ဒါပေမဲ့ ဒုတိယအကြိမ် ထပ်ထိတဲ့အခါမှာတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးနိုင်တဲ့အထိ အန္တရာယ် ရှိပါတယ်။ ဒါမျိုးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမဲ့ ဘောလုံးက အင်္ဂလန်မှာပဲ ကန်နေတာ မဟုတ်ပါဘူး။ FIFA, IFAB တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေအောက်မှာ တစ်ကမ္ဘာလုံးက ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံး ကန်နေကြပါတယ်။ ပွဲထဲမှာ ဆရာဝန်အပြည့်အစုံ မရှိတဲ့ ပြိုင်ပွဲတွေလည်း အများကြီးရှိပါတယ်။ သာမန်ခေါင်းပေါက်တာလေးပါဆိုပြီး နောက်တစ်ကြိမ် ထပ်ထိတော့မှ တစ်ခါတည်း အသက်ထွက်သွားနိုင်ပါတယ်။ ဒါကို ပွဲချိန်တွင်းမှာ ချိန်ဆတွက်ချက်နိုင်တဲ့ အရည်အသွေးမီ ဆရာဝန် ပရိုပြိုင်ပွဲတိုင်းမှာ မရှိပါ။ ဒါကြောင့် လုပ်ထုံးလုပ်နည်းတစ်ခုကို အရေးပေါ်လိုအပ်နေပြီဖြစ်တယ်လို့ ဆော်သြနေကြခြင်း ဖြစ်တယ်။ Concussion Substitute ဆိုတဲ့ ခေါင်းထိခိုက်မိတဲ့ ကစားသမားအတွက် ယာယီလူစားလဲခွင့်ကို အလျင်အမြန် ခွင့်ပြုနေသင့်တာ ဖြစ်တယ်။ 

 

Most Read

Most Recent