နှင်းတောထဲလေ့ကျင့်နေသည့် ဗီဒီယိုဖိုင်ကို အီဘရာဟီမိုဗစ် ဖော်ပြ

နှင်းတောထဲလေ့ကျင့်နေသည့် ဗီဒီယိုဖိုင်ကို အီဘရာဟီမိုဗစ် ဖော်ပြ
Photos : Ibrahimovic Twitter
Photos : Ibrahimovic Twitter
Published 7 December 2020

ဒဏ်ရာကြောင့် အနားယူနေရသည့် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် နှင်းတောထဲလေ့ကျင့်နေသော ဗီဒီယိုဖိုင်ကို ဖော်ပြ၍  အမြန်ဆုံးပြန်လည်ကစားနိုင်ရန် ပြင်ဆင်နေကြောင်း ပရိသတ်များကို အသိပေးခဲ့သည်။

အီဘရာဟီမိုဗစ်သည် နှင်းတောထဲလေ့ကျင့်နေသည့် ဗီဒီယိုဖိုင်နှင့်အတူ ''ကျွန်တော့်ကိုရပ်တန့်အောင် လုပ်ပြစမ်းပါ''ဟု အဓိပ္ပာယ်ရသည့် စာသားကိုလည်း ရေးသားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂)ရက်၌ ကစားခဲ့သော နာပိုလီအသင်းနှင့်ပွဲတွင် အီဘရာဟီမိုဗစ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိရာသီတွင် အီဘရာဟီမိုဗစ်သည် အေစီမီလန်အသင်းအတွက် စီးရီးအေပွဲစဉ် (၆)ပွဲကစားထား ပြီး (၁၀)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်ထားသည်။

အီဘရာဟီမိုဗစ်က လက်ရှိရာသီမစတင်မီတွင် အနားယူရန် စိတ်ကူးခဲ့သော်လည်း အောင်မြင်မှုများ ထပ်မံရယူလိုသဖြင့် အနားမယူခဲ့ခြင်းဟု ဆိုခဲ့သည်။

Most Read

Most Recent