Lockdown အပြီး ချယ်လ်ဆီး-လိဒ်စ် ပွဲစဉ်အတွက် လက်မှတ်တန်ဖိုး (၇၅)ပေါင် သတ်မှတ်ထားခြင်းကို ချယ်လ်ဆီးပရိသတ်များ ဒေါသထွက်

Lockdown အပြီး ချယ်လ်ဆီး-လိဒ်စ် ပွဲစဉ်အတွက် လက်မှတ်တန်ဖိုး (၇၅)ပေါင် သတ်မှတ်ထားခြင်းကို ချယ်လ်ဆီးပရိသတ်များ ဒေါသထွက်
Published 30 November 2020

ချယ်လ်ဆီးအသင်းသည် ဒုတိယအကြိမ် Lockdown ကာလအပြီး ဒီဇင်ဘာ (၆)ရက်နေ့တွင်ကစားမည့် လိဒ်စ်အသင်းနှင့် ပွဲစဉ်အတွက် လက်မှတ်စျေးနှုန်းများကို (၇၅)ပေါင်အဖြစ်သတ်မှတ်ထားရာ ချယ်လ်ဆီး အသင်းအားပေးသူ ပရိသတ်များမှာ ဒေါသထွက်နေကြောင်း သိရသည်။

ဗြိတိန်အစိုးရက သတ်မှတ်ထားသော ဒုတိယအကြိမ် Lockdown မှာ လာမည့် ဒီဇင်ဘာလ (၂)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး ယင်းနေ့နောက်ပိုင်းတွင် အင်္ဂလန်ရှိဘောလုံးကွင်းအချို့၌ ပရိသတ်များကို ကန့်သတ်စည်းမျဉ်းများနှင့်အညီ ကြည့်ရှုခွင့်ပြုသွားမည်ဖြစ်သည်။

လန်ဒန်မြို့ရှိ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ သတ်မှတ်ချက်များအရ ပရိသတ်(၂၀၀၀) ကြည့်ရှုခွင့်ရရှိမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းက ဒီဇင်ဘာ(၆)ရက်နေ့တွင် ကစားမည့် လိဒ်စ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲ၊ ဒီဇင်ဘာ(၈)ရက်နေ့တွင်ကစားမည့် ခရက်စ်နိုဒါနှင့် ချန်ပီယံလိဂ်ပွဲစဉ်များကို မဲစနစ်ဖြင့် ကြည့်ရှုခွင့်ပေးရန် စီစဉ်လျက်ရှိနေသည်။

သို့သော် ချယ်လ်ဆီး - လိဒ်စ်ပွဲအတွက် လက်မှတ်စျေးနှုန်းကို (၇၅) ပေါင်သတ်မှတ်ထားရာ ချယ်လ်ဆီးပရိသတ်များက ဒေါသထွက်နေပြီး ယင်းကဲ့သို့ပြုလုပ်ခြင်းမှာ အသင်းအ ပေါ်သစ္စာရှိရှိအားပေးနေသည့်ပရိ သတ်များကို သိသာထင်ရှားစွာခေါင်းပုံဖြတ်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

ချယ်လ်ဆီးအသင်း အားပေးသူများအဖွဲ့အစည်း(CST)ကလည်း ချယ်လ်ဆီးအသင်း၏လုပ်ရပ်ကို စိတ်ပျက်မိကြောင်း ကြေညာခဲ့သည်။

 

Most Read

Most Recent