တိုရီနို နှင့် ဆမ်ဒိုးရီးယား (၁-၁၂-၂၀၂၀ မြန်မာစံတော်ချိန် နံနက် ၀၀:၀၀ နာရီ)
အင်တာမီလန်နဲ့ပွဲတုန်းက နောက်ကျဂိုးတွေကြောင့် တိုရီနို ရှုံးနိမ့်ခဲ့ရတာ နစ်နာပါတယ်။ တိုရီနိုမှာ နိုင်ပွဲတစ်ပွဲကို ထိန်းသိမ်းထားနိုင်မဲ့အရည်အသွေးမျိုး မရှိတာလည်း မြင်ရတယ်။ ဆမ်ဒိုးရီးယားကလည်း ခြေစွမ်းမတည်ငြိမ်ပေမဲ့ တိုရီနိုရဲ့စုဖွဲ့မှုကို ကောင်းကောင်းယှဉ်နိုင်လို့ သရေကျသွားနိုင်တယ်။
ဂျီနိုအာ နှင့် ပါးမား (၁-၁၂-၂၀၂၀ မြန်မာစံတော်ချိန် နံနက် ၂:၁၅ နာရီ)
နှစ်သင်းစလုံး ရာသီအစမှာရလဒ်ဆိုးနေကြပြီး တန်းဆင်းဇုန်နားရောက်နေပါတယ်။ ပါးမားက ဦးပြန်မော့လာပြီ ထင်ရပေမယ့် ရိုးမားကို ဂိုးပြတ်ရှုံးပြီး ယုံကြည်မှုပျောက်ဆုံးနေပြန်တယ်။ ဒီပွဲလည်း သရေကျမယ်ထင်တယ်။















