လက်စတာ နှင့် ဖူလ်ဟမ် (၁-၁၂-၂၀၂၀ မြန်မာစံတော်ချိန် နံနက် ၀၀:၀၀ နာရီ)
လက်စတာက လီဗာပူးလ်ကို ဂိုးပြတ်ရှုံးခဲ့တဲ့အခြေအနေကနေ ပြန်ခုန်ထွက်ရမယ့် အနေအထားဖြစ်တယ်။ ဒီအချိန်မှာ ဖူလ်ဟမ်လိုအသင်းမျိုးနဲ့ လာတွေ့နေတာလည်း လက်စတာအတွက် ကောင်းပါတယ်။ တိုက်စစ်ပိုင်းက ဂိုးသွင်းအားကျနေပြီး၊ ဗာဒီကိုယ်တိုင်လည်း Open Play ကနေ ဂိုးရဖို့ နည်းနည်းခက်နေပေမဲ့ ဖူလ်ဟမ်ခံစစ်က တော်တော် အားနည်းပါတယ်။ အပြန်အလှန်ဂိုးတွေနဲ့ လက်စတာနိုင်မယ်။ (၃-၁)လောက်ဖြစ်မယ်။
ဝက်စ်ဟမ်း နှင့် အက်စတွန်ဗီလာ (၁-၁၂-၂၀၂၀ မြန်မာစံတော်ချိန် နံနက် ၂:၃၀ နာရီ)
အက်စတွန်ဗီလာက အာဆင်နယ်ကို ဂိုးပြတ်နိုင်ပြီး ဘရိုက်တန်နဲ့ပွဲမှာတော့ ရှုံးပွဲတွေ့ခဲ့ပြန်တယ်။ ခြေစွမ်းပိုင်းမတည်ငြိမ်ဘူးဆိုတာထက် တိုက်စစ်ပိုင်းက ကစားသမားတွေ တစ်နေ့ရွှေ့၊ တစ်နေ့ငွေဖြစ်နေတာပဲ ပြောရမယ်။ ဗီလာရဲ့ခြေစွမ်းကငြိမ်ပါတယ်။ ဝက်စ်ဟမ်းကတော့ (၂)ပွဲဆက်နိုင်ထားတဲ့အသင်းဖြစ်ပြီး အသင်းလိုက်ခြေစွမ်းလည်း တည်ငြိမ်ပါတယ်။ ဒါပေမဲ့ တိုက်စစ်တော့ အားနည်းတယ်။ ဗီလာကိုကြိုက်တယ်။















