(၂၁) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်

(၂၁) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်
(၂၁) ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် Virtual Conferencing ဖြင့် ပြုလုပ်စဉ်
(၂၁) ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေးကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် Virtual Conferencing ဖြင့် ပြုလုပ်စဉ်
Published 25 November 2020
မင်းနိုင်စိုး

(၂၁) ကြိမ်မြောက် အာဆီယံကြည်းတပ် ဦးစီးချုပ်များအစည်းအဝေး (21st Asean Chiefs of Army Multilateral Meeting ACAMMXXI) ကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် Virtual Conferencing ဖြင့် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အစည်းအဝေးတွင် ဘရူနိုင်းတပ်မတော်၊ ကြည်းတပ်ဦးစီးချုပ် Brigadier General Haji Muhammad Haszaimi bin BolHassan က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကြည်းတပ်ဦးစီးချုပ်များနှင့် တပ်မတော်အရာရှိကြီးများက COVID-19 ရောဂါနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

“COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စံနှုန်းသစ်များနှင့်အညီ ဒေသတွင်းလုံခြုံရေး စိန်ခေါ်မှုများ၏အရွေ့ကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံကြည်းတပ်များ၏ ပေါင်းစည်းမှုနှင့် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်မှု” (Cohesion and Responsive of ASEAN Armies to Address the Dynamic of Regional Security Challenges Following New Norms from COVID-19 Pandemic) ခေါင်းစဉ်နှင့်ပတ်သက်၍ နိုင်ငံအက္ခရာစဉ်အလိုက် ဆွေးနွေးကြခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးတွင် (၂၂) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး ACAMMXXI၊ (၃၀) ကြိမ်မြောက် အာဆီယံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (30th  ASEAN Armies Rifle Meet- AARM XXX)၊ (၁၀) ကြိမ်မြောက် အာဆီယံလုပ်သက်ရင့် အရာခံဗိုလ်များအစည်းအဝေး  (10th ASEAN Armuy Information Sharing Workshop- AAISW III) နှင့် (၃) ကြိမ်မြောက် အာဆီယံသတင်းအချက် အလက်မျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ (3rd ASEAN  Army Information Sharing Workshop- AAISW III) တို့ကို အိမ်ရှင်အဖြစ် တာဝန်ယူဆောင်ရွက်မည့် မြန်မာ့တပ်မတော်သို့ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ရာ AARM အလံ၊ ACAMM Stand နှင့် ASMAM ကျိုင်းတို့ကို ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးထင်လင်းက မြန်မာ့တပ်မတော်ကိုယ်စား လက်ခံရယူခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအကြောင်း မိတ်ဆက်ဗီဒီယိုကို ပြသခဲ့ပြီး မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ (၂၁) ကြိမ်မြောက် အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။