ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးရန် အသင့်ရှိကြောင်း ဂိုဟက်ဇ်ကာ ဆို

ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးရန် အသင့်ရှိကြောင်း ဂိုဟက်ဇ်ကာ ဆို
Photo: Getty Images
Photo: Getty Images
Published 25 November 2020

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂိုဟက်ဇ်ကာက မိမိအနေဖြင့် အသင်းနှင့်စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၅)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဂိုဟက်ဇ်ကာသည် ၂၀၁၈ နွေရာသီအပြောင်းအရွှေ့ကာလတွင် ရှော်လ်ကေးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

၎င်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းဘက်က စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးခြင်းမရှိသေးကြောင်း သိရသည်။ 

ဂိုဟက်ဇ်ကာက "လက်ရှိအချိန်အထိ ဘိုင်ယန်မြူးနစ်အသင်းဘက်က စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်ကို ဆွေးနွေးခြင်းမရှိသေးပါဘူး။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ ကျွန်တော့်ရဲ့ စာချုပ်က (၁)နှစ်ခွဲကျော်တောင် ကျန်ရှိနေသေးတာကြောင့် ဒီကိစ္စအတွက် ကျွန်တော် စိတ်မပူပါဘူး။ ဒါပေမဲ့ အသင်းအားကစားဒါရိုက်တာ ဆလီဟာမစ်ဇစ်နဲ့ နည်းပြ ဖလစ်ခ်တို့သာ စာချုပ်သစ်အတွက် ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော့်ဘက်က ငြင်းစရာအကြောင်း မရှိပါဘူး။ သူတို့နဲ့ ဆွေးနွေးသွားဖို့ ကျွန်တော့်ဘက်က အသင့်ပါပဲ"ဟု ပြောကြားခဲ့သည်။ 

ဂိုဟက်ဇ်ကာသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၁၀)ပွဲတွင် (၄)ဂိုး သွင်းယူပေးထားပြီး အသင်းကစားသမားဘဝ (၂) နှစ်ကျော်ကာလအတွင်း ဘွန်ဒစ်လီဂါချန်ပီယံ (၂) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်အပါအဝင် ဆုဖလားပေါင်း (၈)လုံးအထိ ရယူထားသည်။ 

Most Read

Most Recent