အလီဒါယီ၏ ဂိုးအများဆုံးစံချိန်ကို လိုက်မီရန် စီရော်နယ်လ်ဒို (၇)ဂိုးသာ လိုအပ်

အလီဒါယီ၏ ဂိုးအများဆုံးစံချိန်ကို လိုက်မီရန် စီရော်နယ်လ်ဒို (၇)ဂိုးသာ လိုအပ်
Photos: Getty Images
Photos: Getty Images
Published 13 November 2020

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် အန်ဒိုရာအသင်းကို (၇-ဝ)ဂိုး ဖြင့်အနိုင်ရရှိသည့်ပွဲတွင် တစ်ဂိုးသွင်းယူခဲ့ပြီးနောက် ၎င်း၏ နိုင်ငံတကာ သွင်းဂိုးအရေအတွက်မှာ (၁၀၂) ဂိုးအထိ ရှိလာခဲ့သည်။

ယင်းအတွက်ကြောင့် သူသည်  အီရန်လက်ရွေးစင်အသင်း၏ တိုက်စစ်မှူးဟောင်း အလီဒါယီတင်ရှိထားသည့် နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်ကိုလိုက်မီရန် (၇)ဂိုးအကွာအ ထိ ရောက်ရှိလာခဲ့ကြောင်းလည်းသိရှိရသည်။ 



    

စီရော်နယ်လ်ဒိုသည် ယင်းပွဲစဉ်တွင် ဒုတိယပိုင်း၌ လူစားဝင်လာ ခဲ့ပြီးနောက် ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး လှပသည့် ခေါင်းတိုက်ဂိုးတစ်ဂိုးလည်းဖြစ်သည်။

    

ယင်းဂိုးသည် စီရော်နယ်လ်ဒို၏ (၁၀၂)ဂိုးမြောက် နိုင်ငံတကာသွင်းဂိုးဖြစ်သလို၊ အသက် (၃၀) ပြည့်ပြီးနောက်ပိုင်း ပွဲ (၅၀)၌ သွင်းဂိုး (၅၀)မြောက်ဂိုးလည်းဖြစ်သည်။ သူသည် အသက် (၃၀)မတိုင်မီကမူ ပွဲပေါင်း (၁၁၈)ပွဲတွင် (၅၂)ဂိုး သွင်းယူခဲ့သည်။

■ လက်ရှိ ကစားသမားများတွင် နိုင်ငံတကာဂိုးအများဆုံးသွင်းထားသူများ

စီရော်နယ်လ်ဒို(ပေါ်တူဂီ) - ၁၀၂ ဂိုး

ချက်ထရီ(အိန္ဒိယ) - ၇၂ ဂိုး

မက်ဆီ(အာဂျင်တီးနား) - ၇၁ ဂိုး

အလီမာဟွတ်(UAE) - ၆၃ ဂိုး

လီဝန်ဒေါစကီး(ပိုလန်) - ၆၃ ဂိုး

Most Read

Most Recent