ဒီရစ်ဒါ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား စိန်ခေါ်နိုင်သည့်ကစားသမားများအား ONE Championship ထုတ်ပြန်ရာတွင် အောင်လအန်ဆန် ပါဝင်

ဒီရစ်ဒါ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား စိန်ခေါ်နိုင်သည့်ကစားသမားများအား ONE Championship ထုတ်ပြန်ရာတွင် အောင်လအန်ဆန် ပါဝင်
Photos : Getty Images & Aung La Facebook
Photos : Getty Images & Aung La Facebook
Published 4 November 2020

ONE Championship အဖွဲ့အစည်းသည် ချန်ပီယံအသစ်ပေါ်ထွက်ခဲ့သည့် မစ် ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါအား စိန်ခေါ်နိုင်သည့် ကစားသမားများအား ထုတ်ပြန်ရာတွင် မြန်မာ MMA ကစားသမား အောင်လအန်ဆန် ပါ ဝင်လာကြောင်း သိရသည်။

အောက်တိုဘာ ၃၀ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Inside The matrix ပြိုင်ပွဲအပြီးတွင်  ONE Championship အနေဖြင့် ချန်ပီယံသစ်ဖြစ်ခဲ့သော ကစားသမားများ၊ ချန်ပီယံဆုကာကွယ်နိုင်သည့် ကစားသမားများအတွက် လာမည့်ပွဲတွင် ထိုးသတ်နိုင်သည့် ကစားသမားများအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံလုပွဲလေးပွဲ ထည့်သွင်းကျင်းပခဲ့ပြီး အမျိုးသမီး စထရောဝိတ်တန်းတွင် ရှောင်ကျန်နန်၊ အမျိုးသားလိုက်ဝိတ်တန်းတွင် ခရစ္စတီယန်လီတို့သာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ပြီး အမျိုးသားမစ်ဒယ်ဝိတ်တန်းနှင့်  ဖယ်သာဝိတ်တန်းတို့တွင် ချန်ပီယံအသစ်များ ထွက်ပေါ်ခဲ့သည်။

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် စိန်ခေါ်သူ ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီ သုံးမိနစ် ၂၆ စက္ကန့်တွင် ချုပ်ကွက်မိပြီး အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ONE Championship သည် ဒီရစ်ဒါ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား စိန်ခေါ်နိုင်သည့် ကစားသမားများအား ထုတ်ပြန်ခဲ့ရာ ချန်ပီယံဟောင်းများ ဖြစ်သည့် အောင်လအန်ဆန် (မြန်မာ)နှင့် ဘစ်ဒက်ရှ် (ရုရှား)တို့အပြင် ဘရာဇီးလ်ကစားသမား လီအန်ဒရိုလည်း ပါဝင်လာသည်။

အောင်လအန်ဆန်သည် လက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူသွားမည်ဖြစ်ကြောင်း ကတိပေး ပြောကြားထားပြီး မကြာမီပြန်လည်စိန်ခေါ် ခွင့်ရရန် မျှော်မှန်းထားကြောင်း သိရသည်။ သို့သော် အောင်လအန်ဆန်အနေဖြင့် ချန်ပီယံဆုအား ပြန်လည်စိန်ခေါ်နိုင်ရန် ချန်ပီယံဟောင်း ဗစ်တာလီဘစ်ဒက်ရှ်နှင့် ဦးစွာထိုးသတ်ရဖွယ်ရှိကြောင်း အရိပ်အမြွတ်ပြောကြားထားသည်။ အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အမှတ်ဖြင့်အနိုင်ယူပြီး ရရှိခဲ့ခြင်းဖြစ်သည်။ ချန်ပီယံဖြစ်ပြီး သုံးနှစ်ကျော်ကာလအတွင်း ချန်ပီယံကာကွယ်ပွဲများ ထိုးသတ်ရာတွင် လေးပွဲမြောက်မှ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း တစ်ပွဲသာထိုးသတ်ရသေးပြီး လာမည့်ပွဲကို ယခုနှစ်အတွင်း ထိုးသတ်ရခြင်းမရှိပါက လာမည့်နှစ်ဆန်းပိုင်းတွင် ထိုးသတ်ရဖွယ်ရှိနေသည်။ ONE Championship သည် အောင်လအန်ဆန်၏ပွဲစဉ်များနှင့် ပတ်သက်၍ ထပ်မံထုတ်ပြန်မည်ဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲထက် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲများသာ ထိုးသတ်ရဖွယ်ရှိနေသည်။

Most Read

Most Recent